မြို့ရိုးတံခါးကိုမြင်နေရ
မှုန်ပျပျသာ။
ငါ့ရင်ဘတ်မှာက
အစိမ်းပုပ်ရောင် အိပ်မက်တွေချည်းပါကွယ်
ဆွေးဆွေးအိုအို ငါလေငိုနေခဲ့ပါရဲ့။
ရှင်သန်ခြင်းများ နောက်ဆုံးဆိုက်ကပ်ရာ
ငါမြင်ခဲ့သော နောက်ဆုံးအလင်းရောင်မှာပဲ
ကောင်းကင်မဆန်တဲ့ ဈာပနကိုမြင်ရဲ့။
သွားရင်းလာရင်းနဲ့ကိုပဲ
ငါ့ပျိုးပင်လေးဆီ မရောက်နိုင်ဘူး။
ရနံ့တွေနဲ့ဝေးခဲ့တယ်။
သူရဿဝါ
၀၄ - မာ့ချ် - ၂၀၀၉
Image credit: Gettyimages.com
No comments:
Post a Comment