ညလိုပဲ
ကိုယ့်အလွမ်းတွေလည်း နက်နေခဲ့ပါတယ်ကွယ်
ကောင်းကင်အမှားဆီ သွားနေရတဲ့ကြယ်
ကိုယ်က အဲဒီလို သိမ်ငယ်နေခဲ့တာပါ။
ကိုယ်တို့ဖြစ်တည်မှုတွေက အစကတည်းကမှား
အနားမှာလည်း ဆုပ်ကိုင်ထားစရာ
လက်ချောင်းသွယ်သွယ်လေးတွေ မရှိခဲ့ဘူး
အနာဂတ်မရှိပဲ ဆက်နေကြရုံ။
တကယ်ဆို
ဘယ်လိုမှလည်း မတတ်နိုင်ခဲ့တာပါကွယ်
ကိုယ်က မင်းနဲ့ဝေးသွား
မင့်ပုံရိပ်လေးနဲ့ ဝေးသွား
မင့်ဖိုင်တွဲလေးနဲ့ ဝေးသွား
ဒါဟာ ကျိန်စာတစ်ခုဆိုရင်တောင်
ဘယ်တော့မှမပြေတော့မယ့် အနာ။
ကန္တာရတွေ ဆူးတောတွေ နာကျင်ခြင်းတွေ
ကိုယ့်မရဲတရဲအသက်ရှူသံနဲ့ ထပ်တူကျ
ဘဝမှာ ကိုယ်ဆီ့က ကောင်းကင်တွေထွက်ပြေး
လိုက်မမှီအောင် ဝေးခဲ့ရတဲ့ကြယ်။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Saatchiart.com
No comments:
Post a Comment