Tuesday, March 10, 2009

လွတ်ကျခဲ့သော မှားယွင်းဆက်တင်များ

သူ့အရိပ်ကလေးကိုပဲ လိုက်ဖမ်းရင်း
ငါ့စိတ်တွေ ခဏခဏကြမ်းပေါက်ကျွံကျတယ်
ဘာတွေက မှားခဲ့တာလဲ တွေးမရဘူး
နွေခေါင်ခေါင်မှာမှ မိုးကိုမျှော်မိ

ဟောဒီကောင်က အဆုံးမရှိမိုက်မဲပါတယ်။
အလွမ်းတွေ
မျက်ရည်စတွေ
ဒဏ်ရာအစအနတွေနဲ့
ညနေခင်းမှတ်တိုင်မှာ တကိုယ်တည်းရပ်ခဲ့
လမ်းဟောင်းတွေထဲ တကိုယ်တည်းလျှောက်ခဲ့
အဲဒီလိုနဲ့ ကြေကွဲခြင်းကို တမ်းတမ်းမက်မက်လိုက်ရှာတယ်။

မင်းနဲ့ ဝေးတဲ့နောက်တော့
အလွမ်းတွေကိုပဲ ငါကောက်ယူထားပါတယ်ကွယ်
မှားခဲ့ကြတာခြင်းတူရင်တောင်
လွှင့်မပစ်ရက်သေးတဲ့ကောင်က ပိုမှား
ပြောလို့မရတော့တဲ့စကားတွေထဲမှာ
ငါ့ကိုယ်ငါတိတ်ဆိတ်ပစ်မယ်။

တကယ်တော့ ညီမလေးရယ်
လွတ်ကျသွားတဲ့ အမှားအယွင်းတွေနဲ့အတူ
ငါကနိုးလာခဲ့သူပါ
ခဏ ခဏ ညတွေရောက်လာတယ်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment