Tuesday, March 10, 2009

မသိခြင်းအကြောင်း

ပထမဆုံး
အိပ်မက်ကို နှိုးလိုက်တယ်
ဘယ်တော့မှမရှုံးတော့မယ့် ပုံရိပ်များဆီသွားဖို့
ဘဝမှာ ရာသီနှစ်ဆယ်လောက် နေခဲ့ဖူးပြီ
ခုထိ ချစ်ခြင်းတရားနဲ့ မျက်နှာချင်းမဆိုင်တတ်သေး။

ကောင်မလေးရေ
ငါဟာ သူရဲကောင်းတစ်ယောက်လားကွဲ့
နင့်အနားမှာပဲ ခခယယ
ငါ့ရဲ့ ဖြစ်တည်မှုဟာ ဘာလဲ။

နောက်ဆုံးတော့
အိပ်မက်ကိုပဲ ပြန်နှိုးလိုက်တယ်
ဘယ်တော့မှမရှုံးတော့မယ့် ပုံရိပ်များဆီသွားဖို့။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Fineartamerica.com

No comments:

Post a Comment