Tuesday, March 10, 2009

ခင်ဗျားတို့အတွေးက နောက်မီးလင်းနေတယ်


လူဟာ ကိုယ့်အင်ဂျင်သံနဲ့ကိုယ်ခုတ်မောင်း
မီးခိုးတွေအူပြလိုက်ရ
တဂျုန်းဂျုန်းအော်မြည်ပြရနဲ့
ပင်ပင်ပန်းပန်းနိုးထ
အဲဒီကြားထဲကမှ
ခင်ဗျားတို့အတွေးက နောက်မီးလင်းနေတယ်။

နွားပယောဂမပါတော့သော နွားနို့
ပြန်မအမ်းဖြစ်လိုက်သော အကြွေ
အသက်ရှူရန်ကြောက်သော အနုပညာ
တစ်လမ်းသွားဒဿနများ
ပင်လယ်ဓါးပြလိုကြော်ငြာ

လူကိစ္စတွေထဲမှာမှ
အထက်ပါ မီးခိုးမဆုံးမိုးမဆုံးများ
ဟိုးဝေးဝေးကတည်းကမြင်ရ
ခင်ဗျားတို့အတွေးက နောက်မီးလင်းနေတယ်။


သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment