နည်းနည်းလေးပါပဲ
“ယပင့်” နဲ့ “ယရစ်” လွဲသွားတာ
လမ်းမတွေက
“ပျို” မလာဘဲ “ပြို” ခဲ့တယ်။
ဘဝရေ..
မင်းနဲ့ငါ ဘယ်သူကစ စိန်ခေါ်သူလဲ
မခံချင်စိတ်က လက်ခမောင်းထခတ်တယ်
အချစ်တွေ၊ နာကြည်းချက်တွေ၊ စိတ်ကျရောဂါတွေ
ငါ့လမ်းမထက် လွင့် ကျဲ ဖွာ သီ။
ဒီလို မနေချင်ပါဘူးကွယ်
ဘဝကို ပလပ်စတစ်ဆာဂျရီသာလုပ်ပစ်လိုက်ချင်တယ်
မျက်နှာအဟောင်းနဲ့ ပြုံးနေရတာကိုက ခက်ရဲ့။
အလုပ်သွားအလုပ်ပြန်ချိန်မရှိဘူး
ကဗျာမရေးတော့ဘူး
ဝတ္ထုမဖတ်တော့ဘူး
အမှောင်ပိတ်ပိတ် စိတ်ကူးတွေရွက်
ငါ့ကော်ဖီခွက်လို ငါခါးသက်တယ်
နွမ်းအိုနေသော အရပ်လေးမျက်နှာတွေ။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment