စိတ်ထဲမှာ ကာလာဘလိုင်း
ကဗျာက ရေခဲခွက်ထဲက ထွက်ကျလာတယ်
ရီဝေဝေအတွေးက မှုန်မှုန်မှိုင်း
ဟား.. ငါရိုင်းချင်ရိုင်းနေလိမ့်မယ်
အခုအချိန်မှာ
ကမ္ဘာ့အရေးကိစ္စတွေ မသိ
လူမှုရေးမသိ၊ ပရီးမီးယားလိဂ် မသိ
ရပ်ကွက်ထဲကကောင်မလေးကို မသိ
စံတော်ချိန်ညရှစ်နာရီမှာ ငါဟာ
ရီဝေဝေလူတစ်ယောက်သာ ဖြစ်ရဲ့
ကောင်မလေးရေ
အမေရေ
ကျွန်တော့်စာကြောင်းတွေလွတ် လွတ်သွားတယ်
မြင်နေသမျှ ကြယ်ရောင်လရောင်က ငါ့ခေါင်းပေါ်ညွတ်ကျ
ဘာကဗျာတစ်ပုဒ်မှ ရွတ်မရဘူး
ဟောဒီမှာ ရီဝေဝေတွေလွင့်နေသော ရီဝေဝေကဗျာ။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment