Monday, March 09, 2009

အန္ဓတို့ရဲ့အိပ်မက်များ

ကောင်းကင်ကတော့ မြေပြင်ဆီ

ထိုးစိုက်ခွဲဆင်းလာမှာမဟုတ်ဘူး

ကိုယ့်အတောင်ကိုယ်ဖွင့် ပျံသန်းကြရုံ။

အန္ဓတို့ရဲ့အိပ်မက်က လင်းလက်မနေရင်တောင်

ဖွာရရာကြဲမနေခဲ့ပါဘူးကွယ်။

လူငယ်ဆန်ဆန် ယဉ်ကျေးမှုတချို့

လူငယ်ဆန်ဆန် နေထိုင်ကျင့်ကြံမှုတချို့

ဒါကိုက ကဗျာပါပဲ။

ငါတို့နိမိတ်ပုံတွေက ခွာသံပြင်းတယ်

မမြင်တတ်နိုင်သေးသော အိပ်မက်များကိုတောင်

တရှိုက်မက်မက်တူးဖော်နှိုးဆွလို့

အန္ဓလူငယ်များ တလမ်းထဲသွားနေကြ။

ငါတို့တွေဆီတော့

ကောင်းကင်က ထိုးစိုက်ခွဲဆင်းလာမှာမဟုတ်ဘူး။

အန္ဓတွေကိုယ်တိုင်က ဝိုးဝိုးဝင့်ဝင့်ပျံသန်းကြရုံ။

 

အန္ဓအိပ်မက်လူငယ်ကဗျာအဖွဲ့ အမှတ်တရရေးဖွဲ့ပါသည်။

 

သူရဿဝါ
၀၉ - မာ့ချ် - ၂၀၀၉
Image credit: Artpal.com

No comments:

Post a Comment