မုန်တိုင်းက ငါ့ရင်ဘတ်ကိုမှ တည့်တည်လာမွှေရဲ့
မင့်စကားက လေးညှို့က လွှတ်လိုက်သလိုပဲ
ငါ့ဖြူစင်ခြင်းကိုမှ လာ, လာသတ်တယ်
အိပ်မက်တွေ မကောင်းဘူး
နားလည်မှုအမျိုးမျိုး ရှိပါတယ်တဲ့
ငါ့လို မသိတတ်ခဲ့တဲ့ကောင်အတွက်
ဘာတွေများလိုအပ်ခဲ့သလဲ
အထီးကျန်ဆန်ဆန် နေပုံမျိုးလား
သံရည်လောင်းထားရမယ့် မာခေါက်ခေါက်မျက်နှာမျိုးလား
ဘာတွေများ လိုအပ်ခဲ့ပါသလဲ
သံရည်ပူတွေသာ မျိုချထားချင်တယ်
ဖတ်ဖူးတဲ့ကဗျာတစ်ပုဒ်လိုပဲ
ငါ့စိတ်နဲ့ငါ့မှာ ဒဏ်ရာကမကျက်ခဲ့
အခု ငါ့အသက်ရှူသံကိုက အသက်မဲ့တယ်
မုန်တိုင်းလို အိပ်မက်က
ငါ့ကိုမှ တမြေ့မြေ့သတ်တယ်
အဲဒီ လေးညှို့ကလွှတ်လိုက်သလို စကားအစင်းစင်းတွေ။
သူရဿဝါ
၀၅ - မာ့ချ် - ၂၀၀၉
Image credit: Saatchiart.com
No comments:
Post a Comment