ပြီးသွားပြီ
အတိတ်ကအခန်းဟာ ပင့်သက်ရှိုက်သံသဲ့သဲ့တောင်မကြားရ
ဒေါသသင့်အတွေးတချို့ကလွဲလို့
သတိတရတွေ နိမိတ်ထင်မကျန်ရစ်ဘူး
မတော်တဆတွေ့ခဲ့ကြတာပဲ
ဝေးကွာခြင်းကလည်း မတော်တဆဖြစ်ပေးရမယ်
ထူထူထဲထဲငါ့စိတ်က အရာမယွင်းကျန်ခဲ့
အမှတ်တရတွေကို အမှတ်မရ
အခေါ်အပြောတွေကို ပြန်ပြီးခေါ်လို့ပြောလို့မရ
အရက်စိမ်ထားတဲ့ ငါ့နှလုံးသားကို မင်းမြင်လိုက်သလား
ငါဆိုတဲ့ လွမ်းလွမ်းဆွေးဆွေးသီချင်းကို မင်းကြားလိုက်သလား
ငါရေးတဲ့ မျက်ရည်စက်လက်ကဗျာကို မင်းဖတ်လိုက်ရသလား
ဒီမယ် အမိ
မင်းကိုငါက ခပ်ပြတ်ပြတ်အတိတ်မေ့ပစ်လိုက်တာ
မင်းပြောသလို မတော်တဆလေး မေ့ပစ်လိုက်တာပါ
တကယ့်ကို မတော်တဆတွေချည်းပါပဲ
အားလုံး ပြီးသွားခဲ့တယ်။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၁၀
Image credit: Elephantjournal.com
No comments:
Post a Comment