Tuesday, March 10, 2009

တိတ်တခိုး

ချစ်မိခြင်းပါတဲ့လား

အမိုက်မဲဆုံးတောင့်တမှုလို့ပဲပြောပြော

သူနဲ့အတူသာဆိုရင်

သံသရာအဆက်ဆက် လည်ပစ်လိုက်ချင်ရဲ့

ကိုယ့်အချစ်က မိုးဆုံးမြေဆုံးပါပဲကွယ်

မင့်ရယ်သံလေးထဲမှာ ရောင့်ရဲမှုတွေပျောက်ဆုံး

နာရီတွေလည်တာတောင် မုန်းမိတယ်

ကိုယ့်နားမှာ ရပ်တန့်နေစေချင်တဲ့ရထားလေးဟာ သူပဲ

အချစ်နဲ့ခင်းမိတဲ့ သက်တန့်ရောင်စဉ်များ

ကိုယ့်အပေါ် ဖြာဖြာလင်းလင်း

ရှုံးချင်လည်း ရှုံးသွားပါစေကွယ်

ကိုယ်က မင်းရဲ့ဘဝသုံး ဝေါဟာရတစ်ခုဖြစ်ချင်တယ်

အဲဒီလိုနဲ့ မျှော်လင့်ချက်တွေကို အထပ်ထပ်ပြန်နှိုး

သူမသိအောင် ကိုယ့်အချစ်တွေ မိုးထားလိုက်မိတယ်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Fineartamerica.com

No comments:

Post a Comment