စုဘူးတီဗီ အစီအစဉ်ကို ခဲနဲ့ပေါက် ကြသူတွေ၊ အဲလေ.. တခဲနက် ဝိုင်းပြီး တောင်းဆို နေကြတဲ့ သူတွေအတွက် ထပ်မံ တင်ဆက်ဖို့အချိန် ကျရောက် လာပြန်ပါပြီ ခင်ဗျန်။ အမြဲတမ်း စောင့်ဖတ် ပေးနေတဲ့ ပရိသတ်ကြီး အပါအဝင် စုဘူးတီဗီ မကြည့်ရလို့ တိုင်ချက် ဖွင့်တဲ့ သမီးငယ်လေးနဲ့ စုဘူးတီဗီ ထဲမှာ သူ့အကြောင်း မပါလို့ ရန်လုပ်နေတဲ့ ရှူရှူးပေ တို့အတွက် မျက်စိထိုင်း၊ ခါးကိုင်း လောက်အောင် ကြိုးစားပမ်းစား အိပ်ငိုက်၊ အဲ.. ကြိုးစားပမ်းစား တင်ဆက် ပေးလိုက် ရပါတယ်။ အစီအစဉ် တင်ဆက်သူ အဖြစ်ကတော့ ထုံးစံအတိုင်း ကျွန်တော် “သူရဿဝါ” နဲ့ ကျွန်မ “တခါတခါ လှတဲ့ ဝါဝါမ” တို့ကပဲ တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ အခုအချိန် ကစပြီး ပြီးသွားပါပြီ ခင်ဗျန်၊ အဲလေ.. စတင် ပါတော့မယ် ခင်ဗျန်။ စောင့်မျှော် ရှုစား ခြင်မောင်းတော် မူကြပါ ခင်ဗျန်။
SBtv သတင်း အစီအစဉ်
သတင်းခေါင်းစဉ် - ရန်ကုန်စုဘူး ဖန်ကလပ် တွေ့ဆုံပွဲသို့ မန္တလေး စုဘူးကြီး မာဇေး ကိုယ်ယောင် ဖျောက်၍ ရောက်လာခြင်း
သတင်း မစုံမလင်မှာ.. လာမည့် ၁၇. ၇. ၂၀၀၈ (ကြာသာပတေးနေ့) တွင် ရန်ကုန်စုဘူး ဖန်ကလပ် တွေ့ဆုံပွဲကို မြစံပယ် ကဖီး၌ စည်စည်ကားကား ခြောက်ခြောက်ကပ်ကပ်၊ အဲ.. သည်းခံ တော်မူပါ ခင်ဗျန်.. စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပခဲ့ရာ အဖွဲ့ဝင်ပေါင်း သိန်း ၇၀ နီးပါး တက်ရောက် တော်မူချင် ကြသော်လည်း နေရာ အခက်အခဲကြောင့် အဖွဲ့ဝင် တစ်ရာခန့် တက်ရောက် တွေ့ဆုံ ဖဲရိုက်၊ အဲလေ.. သီး နောက်တစ်ခေါက် ခံတော်မူပါ ခင်ဗျန်.. တက်ရောက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။ အဖွဲ့၏ အထွေထွေ ရေးရာများ၊ နောက်တစ်ခေါက် ထပ်မံ သွားရောက်မည့် တိုနေးရှင်း၊ အဲ.. ဒိုနေးရှင်း ကိစ္စရပ်များ ဆွေးနွေး နေကြသော အချိန်တွင် အံ့ဩဖွယ် ကောင်းလှစွာ မန္တလေး စုဘူး ကုလားအုပ်ကြီး၊ အဲ.. သီးထပ်မံ ခံတော်မူပါ ခင်ဗျန်.. မန္တလေး စုဘူး ဥက္ကဌကြီး မာဇေးမှာ လူပုံအလယ်တွင် “ဘွား”ခနဲ ပေါ်လာခဲ့ သောကြောင့် အဖွဲ့ဝင်များ ကြောက်လန့်တကြား တဂစ်ဂစ်ဖြင့် တက်ကုန်ကြရာ ကုလားအုပ်ကြီးမှ၊ အာ.. မှားပြန်ပြီ.. မာဇေးမှ အဖြစ်မှန်ကို ကမန်းကတန်း ရှင်းပြခဲ့ ရပါတယ် ခင်ဗျန်။ သူ့ရဲ့ ပြောပြချက် အရ တွေ့ဆုံပွဲ စကတည်းက သူရောက်နေခဲ့ခြင်း ဖြစ်ကြောင်း၊ သူဘာမှ ပြောစရာ မရှိသေး၍ ဒီအတိုင်း ပြုံးပြုံး ကြီးသာ ထိုင်ကြည့် နေကြောင်း၊ ထိုအချိန်တွင် အလွန်အမင်း အိုက်စပ်လာ သောကြောင့် သူဝတ်ဆင် လာသော ဥရောပ ဝါးတီးကုတ် ဖြစ်သည့် အပေါ် ကုတ်အင်္ကျီ ချွတ်လိုက်ချိန် အောက်ခံ ရှပ်အင်္ကျီ အဖြူ ပေါ်လာမှ အားလုံး လန့်ဖျတ်ပြီး တက်ကုန်ကြခြင်း ဖြစ်ကြောင်း၊ တကယ်တော့ သူ အသားမည်း၍ မဟုတ်ဘဲ ရန်ကုန် စုဘူးများ မျက်လုံးအား မကောင်းခြင်း ဖြစ်ကြောင်း.. သူ့ အသား အရောင်မှာ ညိုတိုတိုလေးသာ ဖြစ်သည်ဟု သူ ယုံကြည်ကြောင်း၊ တငိုငို တရယ်ရယ်ဖြင့် ရှင်းပြ ခဲ့ပါတယ် ခင်ဗျန်။ ထိုအခါတွင်မှ ရန်ကုန် စုဘူးများက မာဇေးအား ချော့သော အနေဖြင့် သီချင်း တစ်ပုဒ်ကို သံပြိုင် ဂုဏ်ပြု သီဆိုပေး ခဲ့ကြကြောင်း သတင်း ရရှိပါတယ် ခင်ဗျန်။ SBtv ပရိသတ်ကြီး နားဆင်ဖို့ အတွက် အဲဒီ သီချင်းကို ပြန်လည် တင်ဆက် ပေးလိုက်ပါတယ် ခင်ဗျန်။
“ရန်ကုန် သနပ်ခါးတုံးများ မာဇေ လိမ်းဖို့ယူ.. ဘယ်လို အသားမည်းမည်း ကုလားမ ကြီးနဲ့တူ.. ပုဇွန်တောင် အမှိုက်ပုံက ကျွတ်ကျွတ်အိတ်လို ဖြူ၊ မဘု လက်သုပ်ဆိုင်က ဆေးဘဲဥလို ဖြူ၊ ရန်ကုန် သနပ်ခါး လိမ်းထားရင်ဖြင့် ခရုသင်း ပေါက်သလောက်တောင် ဖြူ၊ ပေပေတေတေ မစ္စတာဇေ၊ မှောင်ပြာ နက်တဲ့ မောင်မာဇေ၊ မန္တလေး ရောက်လို့ ပွေးပေါက် ပြန်တဲ့သူ..”
ဤတွင် သတင်းများကို ကြေညာလို့ ပြီးပါပြီ ခင်ဗျန်။
SBtv ကြော်ငြာအစီအစဉ်
ကျွန်မတို့ရဲ့ အဆံရှယ် ပေါ်ကြမ်းမွှေးဟာ ဆိုရင်ဖြင့် စားသူရဲ့ လည်မျိုထဲမှာ ကန့်လန့်လေး လည်နေအောင် စွမ်းဆောင်ပေး နိုင်ပါတယ်။ အဆံရှယ် ပေါ်ကြမ်းမွှေး ဆိုတဲ့အတိုင်း ဆန်စေ့လေး တွေကတော့ ရှယ်ပါပဲ။ ဘယ်အချိန် စားစား ဗိုက်မှောက် သွားစေမယ့် အဆံရှယ် ပေါ်ကြမ်းမွှေး၊ ရှယ်ဆန်.. ဆန်ရှယ်.. ရှန်ဆယ်.. အယ်.. မှားတွားပြီတော့.. ဘာပဲဖြစ်ဖြစ် အဆံရှယ်ပါရှန်။
(ကုန်ပစ္စည်း - အဆန်ရှယ် ပေါ်ကြမ်းမွှေး
သရုပ်ဆောင် - မော်ဒယ်လ်ငှားခ ကုန်မှာစိုး၍ အဆန်ရှယ် ကိုယ်တိုင်
ခပ်တည်တည် ပါဝင် ရုပ်ပြောင်သည်၊ အဲလေ.. သရုပ်ဆောင်သည်)
ကော်ဖီဆို ရှူရှူး.. ကော်ဖီဆို ရှူးရှူ.. ကော်ဖီဆို ရှူး.. ရှူ.. ကော်ဖီဆို ရှူရှူး.. ကော်ဖီဆို ရှူးရှူ.. ကော်ဖီဆို ရှူး.. ရှူ (ဟဲ့.. နံလှချည်လား၊ အဲလေ.. ဆူလှချည်လား..) ဟဲဟဲ.. ကော်ဖီမှာဆို ရှူ.. ရှူး
(ကုန်ပစ္စည်း
- ရှူရှူးကော်ဖီ
သရုပ်ဆောင်
- ရှူရှူးပေ)
SBTV ထင်တာဗျူးအစီအစဉ်
ဒီတစ်ခေါက် SBtv ထင်တာဗျူး အစီအစဉ်ကနေ သွားရောက် တွေ့ဆုံဖြစ် ခဲ့တာတော့ ပန်းဆိုးတန်း ကုန်းကျော် တံတား အောက်မှာ အကြီးအကျယ် စီးပွားရေး သောင်းကျန်းနေတဲ့ စန္ဒာလ ဂိုဏ်းချုပ်ကြီး ဆက်ပိုင်ပဲ ဖြစ်ပါတယ်။ ဆက်လက် ရှုစားတော်မူ ကြပါဦး ခင်ဗျန်။
“ကျွန်တော်တို့ ထင်တာဗျူး အစီအစဉ်ရဲ့ အလှည့်ကျ အစီအစဉ်အရ မြန်မာပြည် တလွှား ဖိန့်ဖိန့်တုန်အောင် တောင်းစားတဲ့ စန္ဒာလ ဂိုဏ်းချုပ်ကြီးနဲ့ တွေ့ဆုံပြီး ထင်တာဗျူးချင် လို့ပါနော်၊ ကဲ.. ပရိသတ်ကြီး သိသွားအောင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် ပေးလိုက်ပါဦးဗျာ”
“ညှက်ပိုင်.. မစ်ညတာ ညှက်ပိုင် ငှဲငှဲ”
“ဟမ်.. မစ္စတာ ဆက်ပိုင် မဟုတ်ဘူးလားဟင်”
“ဟေ့တောင်.. မင့်နာ့ကို နှိမ်တာနားကွ ဟင်၊ နာ့ဖာတာနာ မီးရထား ကြိတ်မိနို့ နှာနှောင်းလေး ပြတ်နေတာ.. အဲနာကြောင့် နှာထောင်းတံလေး ပါနေနာကို မင်းက.. ဘာနေ ဘာလဲ.. တတောင်းညား ပေမယ့် မာန ညှိတယ်တွ.. မင်းကို နာ့ တန်ဖိုးညှိတဲ့ အချိန်တွေ အကုန်ထံပြီး နေပေးတာ.. ဘာမှတ်နေနဲ.. ဟွန်း”
“အဲ.. ညှိပ်မညှိ ပါနဲ့ညာ.. အဲလေ.. စိတ်မရှိ ပါနဲ့ဗျာ မသိလို့ပါ.. ဟုတ်ပါပြီ မစ္စတာ ဆက်ပိုင်ရယ်.. ကျွန်တော်တို့ အစီအစဉ်လေး ဆက်လိုက် ရအောင်”
“အေး.. မေးချင်ရင် မေးနို့ရဘီ”
“မစ္စတာ ဆက်ပိုင် အနေနဲ့ ဒီလို ဂိုဏ်းချုပ်ကြီး တစ်ဆူ ဖြစ်လာအောင် ဘယ်လို ပညာတွေများ ဆည်းပူး ခဲ့ရတယ် ဆိုတာလေး ပြောပြပေးပါလား”
“အေး.. ဒါက ဒီနို ညှိတယ်တွ.. ဘာအနုပ်ပဲ နုပ်နုပ်.. အတတ်ပညာ.. အတိပညာ ချိုတာ အရေးကြီး နယ်ကွ.. တတောင်းညား မှာနဲ ပညာတွေ အများကြီး ညှိထားမှ တူဖုန်းညား ဂိုဏ်းညှုပ် ဖြစ်တာ..”
“ဟုတ်ကဲ့.. ဘယ်လို ပညာလေး တွေလဲ ဆိုတာ SBtv ပရိသတ်ကြီး အတုယူ ရအောင်.. အဲလေ.. သိရအောင် ပြောပြပါဦး”
“အရည် အညှင်းတွေ လိုနယ်တွ.. ပထမကွာ.. တနားကမား ရုပ်ရည်လေး ညှိရမယ်.. မိုက်တိုင်ဆန် ရုပ်မျိုးနဲ့ တတောင်းညား လာလုပ် နို့ကတော့ ဘယ်နူက ပေးချင် ကမ်းချင်မှာလဲ၊ မင်းပဲ ညှင်းညားကြည့်.. ဟုတ်တယ် မဟုတ်နား.. အဲ.. ပြီးတော့ အသံဩဇာ ညောင်နာနာလေး ဖြစ်ရမယ်.. ဥပမာ နာ့နိုပေါ့ကွာ.. ပြီးရင် နောက်တစ်ညှက်က မျက်ရည် လွယ်ရမယ်.. မင်းတမီး တွေနိုမျိုး နိုခါနီးမှ မျက်ရည်တု ထည့်နို့ မရဘူး.. ကိုယ့်ကိုယ်ကို အမြဲတမ်း ရင်နာနေအောင် ထားရမယ်.. အဲနာမျိုး နေးတွေ ကျွမ်းကျင် ပိုင်နိုင် နေရနယ်တွ”
“အော်.. ဟုတ်ကဲ့.. သူတောင်းစားတွေ တစ်ယောက်နဲ့ တစ်ယောက် တောင်းပုံ တောင်းနည်း မတူကြဘူးနော်.. အဲဒါလေးလည်း ပြောပါဦး”
“အေး.. နာကလည်း အဲနီကိတ်ညှကို ပြောချင်နေတာ ကြာပြီ.. အထုညှိုရင် နာတို့ တတောင်းညား နောကမှာ မတမာတဲ့ နူတွေ များလာပြီတွ.. မင်းညှင်းညား ကြည့်တွာ.. နာတို့နိုမျိုး ရိုးရိုးတားတား မတောင်းဘဲ တူနို့ကိုယ် တူနို့ ရန်ကုန် လာရင်းနဲ့ စရိတ် ပြတ်တွားတဲ့ တဌေးတား နိုနို ဘာနိုနို နုပ်တာက တညိုး.. အဲ.. ပိုက်ညှံအိတ် ခါးပိုက်နှိုက် ခံရနို့ လမ်းညရိတ် တောင်းတနိုနို ဘာနိုနို နုပ်တာက တဖုံ.. အညှက်ကို မညှိကြဘူး.. ဘာပဲနုပ်နုပ် ရိုးတားမှု ညှိုတာ အရေးကြီး နယ်ကွ.. ချားချရာ မညှိနို့ တောင်းညှား တာများ ဒီအတိုင်း တောင်းနဲ ဘာဖြစ်နို့ နဲကွာနော်..”
“ဟုတ်တာပေါ့.. မစ္စတာ ဆက်ပိုင် ကျတော့ရော ဘယ်လို ပုံစံမျိုးနဲ့ တောင်းပါသလဲ.. သိပါရစေ”
“ဟ ဟ နာနို့ကျနော့ ရိုးတား တဲ့အပြင် နူးနဲ နူးညံ့နယ်တွ.. ပိုက်ညှံ တောင်းတာ ကအစ သီချင်းနေး တအေးအေး နဲ့ပဲ တောင်းတာ.. အစ်ကိုကြီးနဲ အညှင်ပြေ.. ညီနေးနဲ အညှင်ပြေ ပေါ့ကွာ.. နာက အသံလည်း တော်တော် ကောင်းနယ်တွ.. မင်းနားနှောင်ကြည့်.. နာညှိုပြမယ်.. အဲ.. တညှင်း မချိုခင် ညက်နှာနေး ကိုပါ ညိုထား.. မျက်တောင်နေး ကုပ်ထား.. ပြီးရင် တနောကလုံးကို အညှုံး ပေးတဲ့ မျက်နှာပေးနဲ့.. တချင်းနေးကို စဆို၊ ရှေးနရောအခါ.. နာဝတ်နှိပြည် နှာနမှာ.. နူညိုးဗိုလ်.. အင်ဂုနိ မာနဟာ.. သန်နှရက် ဓားကို.. တူ့နက်ဖျားဟ ဟာဟ မညှပါ.. ဓါးပြကြီး နုပ်နွေ့ ညှိုးခဲ့ပုံမှာ နက်ညှိုးတွေ ဖြတ်နို့တာ.. ထိုအခါ.. ဘုရားကြွနာ... မမှားရအောင် တရားပြတော်မူ ဟူဟူညှာ.. ညစ်တာ ဓာတ်နဲ့ ဗုဒ္ဓါမြတ်ချွာ.. ညှောင်ကျဉ်းခဲ့ အောင်ခြင်း တတိယပါ.. အဟဲ.. အဲနို.. အဲဒိနိုနေး ချိုလိုက်ရင် အလှူ့ညှင်က တနားပြီးတော့ အညားကြီး ပေးတွားရော”
“အင်း.. အဲလို သီချင်းတွေ ချည်းပဲ ဆိုပြီး တောင်းတာလား.. တခြား သီချင်း ပြောင်းမဆို ဘူးလား”
“ဟာ.. ဘယ်ဟုတ်မနဲကွ.. မင်းကလည်း.. နာက တောင်းတာ တောင်းညှားတာ.. အနုပညာညှင်ကွ ငွင်း ငွင်း.. ခေတ်ပေါ် တချင်းနဲ ရတာပဲ.. အေးညေးပါကွာ.. မင်း အာညာနည် ကြိုက်နား.. ဟန်ထူးနွင် ကြိုက်နား.. ဒါမှမဟုတ်.. နေးဖြူတို့.. အနဲတို့ ကြိုက်နား၊ အကုန် ညှိုပြ လို့ရတယ်.. နာက အနုပညာ ဝမ်းညာ ပြည့်ပီးတားကွ.. ဥပမာကွာ.. ဟန်ထူးနွင်ကွာ.. အင်းနား လမ်းက ပန်းချိုင် ညှိုပြ မယ်.. နားထောင်.. အဖြေ ပြန်နတုန်းက ခနေပင် နမ်းထဲမှာ နူတွေ အညားကြီး မညှိပါ.. အတူနက်တွဲ နမ်းညှောက်ကာ.. အာ့ဟာ အာ့ဟာ.. ငှဲ ငှဲ”
“ဟုတ်ပါပြီဗျာ.. လေးစားပါတယ်.. ဒီဘဝမှာ ကံမကောင်းလို့ သူတောင်းစား ဖြစ်ရပေမယ့် နောက်ဘဝမှာ ကောင်းကောင်း နေရအောင် အလှူအတန်းလေး ဘာလေး မလုပ်ဘူးလား”
“ဟေ့တောင်.. မင်းတော့နော်.. နာဆွဲနှိုး မိတော့မယ်.. ဘာကို ကံမကောင်းနို့ တူတောင်းညား ဖြစ်ရမှာနဲ.. ကံကောင်းနို့ တတောင်းညား ဖြစ်တာကွ.. လောကကြီးမှာ နာတို့လောက် အေးချေးတာ နာတို့ပဲ ညှိနယ်.. တောင်းနိုက်.. ချားနိုက်.. အိပ်နိုက်တဲ့၊ ဘုရားမှာ ညှုတောင်း နာနောင် ဘဝညက်တိုင်း တတောင်းညား ဖြစ်ရပါစေနို၏ လို့ပဲ ညှုတောင်း တာတွ.. မတိရင် မှတ်ထား.. ထပ်ပြောပြ နိုက်ဦးမယ်.. နာတို့ အမျိုးတွေက ကမ္ဘာကျော် တွေတွ.. မင်းဘာတိနဲ..”
“ဟမ်.. ဘယ်သူတွေတုန်း ပြောစမ်းပါဦး”
“ဟို.. ဘောနုံးကန်တဲ့ အသင်းလေကွာ.. ပေါ်တူနီ အတင်း.. ခရစ်တီယာနူ ရော်နယ်နိုတို့.. နာနီတို့.. နူနူဂိုးမက် တို့နေကွာ.. ဒီကောင်တွေ တစ်သင်းနုံး နူတဲ့ကောင် တွေရော.. နာတဲ့ ကောင်တွေရော.. ပီးတော့ တူတို့ နာမည် နေးတွေ ကြည့်ပါနား.. နှာနှောင်းသံ နေးတွေနဲ့.. အဲဒါ နာတို့ အမျိုး မဟုတ်လို့.. ဘာဖြစ်နိုင် မနဲ.. နာကတော့ တတောင်းညား ဖြစ်ရတာ ဂုဏ်နူတယ်.. ဟီဟိ”
“အော်.. ဟုတ်ပါပြီ.. နောက်ဆုံး အနေနဲ့ SBtv ပရိသတ်ကြီးကို ဘာများ ပြောချင် ပါသလဲ”
“ဟုတ်တဲ့.. ပန်းညှိုးတန်း ကုန်းကျော် တံတား အောက်မှာ မစ်ညှတာ ညှက်ပိုင်ရဲ့ ရုံးချုပ်ညှိ ပါတယ်.. လှူဒါန်း ပေးကမ်း ချင်ကြနဲ့ ကိုးကိုကြီးနို့ မားမကြီးနို့ လာရောက် ညှက်တွယ် နိုင်ပါတယ်နို့ ပြောချင်ပါနယ်.. ရန်ကုန်မြို့ နေရာအနှံ့မှာ မစ်ညှတာ ညှက်ပိုင်ရဲ့ ရုံးခွဲတွေ အညားကြီး ညှိပါတေး နယ်နို့ပဲ ညောချင်ပါနယ်.. ကျေးနူး တင်ပါနယ်.. မင်္ဂနာပါ..”
SBTV တေးဂီတအစီအစဉ်
ဒီတစ်ခေါက် တေးဂီတ အစီအစဉ်လေးမှာ တင်ဆက်ဖို့ အလှည့်ကျ လာတာ ကတော့ ရေဗက္ကာ ရှူရှူးပေ ဖြစ်ပါတယ် ခင်ဗျန်။ နားပိတ်တော် မူကြပါ.. အဲ.. နားဆင်တော် မူကြပါဦး ခင်ဗျန်။
“ရှူရှူး သီဆိုချင်တဲ့ သီချင်းလေး ကတော့ ရှူရှူး ကိုယ်တိုင် ခိုးချသီကုံး ထားတဲ့ “ရှူရှူး လေးတွေ ပေနေပြီ” ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ သီးခံပြီး နားဆင် ပေးပါဦးရှင်။
ရှူရှူး လေးတွေ ပေနေပြီ.. အိပ်ယာခင်း တွေလည်း ရွှဲကုန်ပြီ.. တစ်နာရီ နှစ်ခါနှုန်း ရှူးပေါက် ချပါသည်.. စကတ်တွေလည်း ရွှဲပါသည်.. ရှူပေါက်ချတာ ချမ်းလှပြီ.. ခုတော့သိပြီ.. ခုတော့သိပြီ.. အင်း.. ခုတော့ သိပြီ တို့ဟာ ရှူရှူးပေ..
ဟိုလေ.. နောက်ဆုံး ကျတော့ ဘာဆိုရမှန်း မသိတော့တာနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ကြေညာလိုက် ပါတော့တယ် ရှန်”
SBtv အထူးအစီအစဉ်
ကျွန်တော်တို့ SBtv အစီအစဉ်မှာ ပူးပေါင်းပါဝင် ရေးသား လိုချင်သူများ အနေနဲ့လည်း မိမိ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တပ်ပြီး အူတက်မတတ် ရယ်ရအောင် ရေးသား၍ သူရဿဝါနှင့် Darklord တို့ထံသို့ Private Message များ ပေးပို့ထား နိုင်တဲ့အကြောင်း သတင်းကောင်း ပါးအပ် ပါတယ် ခင်ဗျန်။
SBtv နောက်တစ်နေ့အစီအစဉ်
SBtv (စုဘူးတီဗီ) ရဲ့ နောက်တစ်နေ့ အစီအစဉ် များကို ခေါင်းစား ခံနိုင်ရင် ထုတ်လွှင့်မှာ ဖြစ်ပြီး ခေါင်းစား မခံနိုင်ရင်တော့ လွှင့်မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ကြိုတင် သတင်းကောင်း ပါးအပ် ပါတယ် ခင်ဗျန်။
သူရဿဝါ
၁၀ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment