အိပ်မက်များ စတင်ယိမ်းပျိုရာ
ငါ့ကမ္ဘာထဲက ချစ်ခြင်းစောင့်နတ်ဘုရားမ
အပြာရောင်ရနံ့တွေ လှိုင်လှိုင်လွင့်လွင့်လွှင့်
ငါ့ကို အရာခပ်သိမ်းနဲ့ပြုစားပါ။
နင့်စကားလုံးတိုင်းမှာ
ငါ့အသက်ဓာတ်ကလေးကပ်ပါသွား
ဒါကပဲ.. “ခရီး” လို့ အဓိပ္ပာယ်ရရဲ့။
လှိုက်ခနဲ.. နင့်ကိုသတိရသွားစေရုံလေး
တစ္ဆေခြောက်တယ်။
ငါ့မနက်ဖြန်များ မလေးလံစေဖို့ရာ
လက်တော်ထဲကအလင်းနဲ့လမ်းပြပါ။
နင့်အပြုံးတွေအားလုံး
ငါတို့ဥယျာဉ်ထဲကြဲပက်ပျိုးသွန်းလိုက်
အံ့ဩစရာကောင်းလောက်အောင်
ကျိန်စာအပေါင်း ပြယ်ဆင်းဝေးကွာ
ငါ နောက်တဖန်နိုးထလာနိုင်လိမ့်မယ်
နတ်ဘုရားမရဲ့အနား ရာစုအသင်္ချေ။
သူရဿဝါ
၁၀ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment