Friday, February 06, 2009

SBtv အစီအစဉ် (၂၀၀၈. ၀၆. ၃၀ - တနင်္လာနေ့)


SBtv ရဲ့ ရူးကြောင်မူးကြောင် အစီအစဉ် များကို ဆက်လက် တင်ဆက်ဖို့ အချိန် ကျရောက်လို့ လာခဲ့ ပြန်ပါပြီ ခင်ဗျန်။ SBtv နဲ့ ပူးပေါင်း တင်ဆက်လို သူများကို ဖိတ်ခေါ် ထားခဲ့ရာ မှာလည်း ဒီအစီအစဉ်မှာ ဆိုရင်ဖြင့် တင်ဆက်သူ ကျွန်တော် “သူရဿဝါ” နဲ့ ကျွန်မ “တခါတခါ လှတဲ့ ဝါဝါမ” တို့အပြင် “အပီဆွဲတဲ့ နီမြဲ” ကလည်း ပူးပေါင်း ပါဝင်လာ ခဲ့ပါတယ်။ ဒီကနေ့ အစီအစဉ်မှာဆို “နီမြဲ” က “ချက်ကြ ပြုတ်ကြ ပေါက်ကရ” ဆိုတဲ့ ကဏ္ဍကို တာဝန်ယူ တင်ဆက် သွားမှာဖြစ်လို့ တခဲနက် ပိတ်ပစ် ကြဖို့၊ အဲလေ.. တခဲနက် အားပေး ကြည့်ရှုကြဖို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျန်။

 

SBtv သတင်း အစီအစဉ်

သတင်းခေါင်းစဉ် - ရန်ကုန်က မန္တလေးကို ချစ်ကြပုံ

သတင်း မစုံမလင်မှာ.. လာမည့် သီတင်းကျွတ်တွင် မန္တလေးမြို့သို့ အလည် သွားရောက် ကြမည့် ရန်ကုန်စုဘူး အဖွဲ့ဝင် များအား တတ်နိုင်သမျှ ဧည့်ဝတ် ကျေပွန်ရန် မန္တလေးစုဘူး အဖွဲ့ဝင်များ အားတက်သရော တိုင်ပင် နေကြကြောင်း ခိုးကြည့် ခဲ့ပါတယ် ခင်ဗျန်၊ အဲလေ.. သိရှိ ရပါတယ် ခင်ဗျန်။ မန္တလေး စုဘူး ဥက္ကဌကြီး မာဇေးက မိန်းကလေး များအား သူ့အိမ်တွင် တည်းခို စေ၍ ယောက်ျားလေးများ အားလုံး ဘုန်းကြီး ကျောင်းသို့ ပို့ရန် စီစဉ်သေး သော်လည်း မန်းစုဘူး အဖွဲ့ဝင် နိုနိုက ယောက်ျားလေးများ အားလုံးကို တာဝန် ခွဲဝေယူလိုက် သောကြောင့် (အဟိ.. သူ့အိမ်မှာ တည်းခိုင်း တာကို ပြောတာနော်) တည်းခိုရေး ကိစ္စမှာမူ အဆင်ပြေ သွားပြီ ဖြစ်ကြောင်း သိရှိ ရပါတယ် ခင်ဗျန်။ စားရေး သောက်ရေး အတွက်မူ ကျောင်းအမကြီး ဒေါ်ပါဖွန်းနှင့် ဒေါ်မေသံစဉ် တို့မှ ခုနစ်ရက် ခုနစ်လီ ကောက်ညှင်းပေါင်း တာဝန် ယူထားပြီး အဆာပြေ ဒန်ပေါက် ကျွေးရန် ကိုမူ နီမြဲက ပျာပျာသလဲ တာဝန်ယူ လိုက်ကြောင်း သိရှိ ရပါတယ် ခင်ဗျန်။ ထို့အပြင် ရန်ကုန်စုဘူး အဖွဲ့ဝင်များ အလည်အပတ် ထွက်ပြီး၍ ညောင်းညာ လာလျှင် နှိပ်ပေး၊ နင်းပေး၊ ပရုပ်ဆီ လူးပေးရန် ကိုမူ မိုက တာဝန်ယူ လိုက်ကြောင်းလည်း ထပ်မံ သတင်း ရရှိပါတယ် ခင်ဗျန်။ အထူးခြားဆုံး သတင်း တစ်ရပ်မှာ ရန်ကုန်စုဘူး အဖွဲ့ဝင် များအား ဖျော်ဖြေရန် အတွက် မာဇေးမှ မျောက်ကြီး ဖင်ခေါင်းကျယ် အက၊ နီမြဲမှ လံကွတ်တီ နီဂရိုးအက၊ နိုနိုနှင့် မိုမှ အိုင်တွေ့တိုင်း ခြေဆေး ယိမ်းအက တို့ကို အကတိုက် နေကြ ကြောင်းလည်း သတင်း ရရှိပါတယ် ခင်ဗျန်။ ဤတွင် သတင်းများကို ကြေငြာလို့ မောပါပြီ၊ အဲ... ကြေငြာလို့ ပြီးပါပြီ ခင်ဗျန်။

 

SBtv ထင်တာဗျူး အစီအစဉ်

SBtv ထင်တာဗျူး အစီအစဉ်က ဒီတစ်ခေါက် သွားရောက် တွေ့ဆုံဖြစ် ခဲ့တာကတော့ မာမီ စိုးမိုးနှင့် အချော်တကောက်များ အလှ ပြုပြင်ရေးမှ နာမည်ကျော် အလှ ဖွန်တီးရှင်၊ အဲ.. သည်းခံတော် မူပါ ခင်ဗျန်.. အလှဖန်တီးရှင် မာမီစိုးမိုးပဲ ဖြစ်ပါတယ် ခင်ဗျန်။ မာမီစိုးမိုးနဲ့ ထင်တာဗျူး ဖြစ်ခဲ့ပုံ လေးကို ရှုစားတော်မူ ကြပါဦး ခင်ဗျန်။

“မာမီရေ မင်္ဂလာပါနော်”

“အို.. မာမီနဲ့ တွေ့မှတော့ မင်္ဂလာပေါ့ သားရဲ့.. မင်္ဂပြန်လုပ်လို့ ဘယ်ရမလဲ အဟင်းဟင်း”

“မာမီစိုးမိုးက နာမည်ကြီး အလှဖန်တီးရှင် တစ်ယောက် ဆိုတော့ မာမီ့ကို နည်းနည်း ဗျူးချင် ပါတယ်.. ဒီလို နာမည်ကြီး အလှ ဖန်တီးရှင် ဖြစ်လာဖို့ မာမီ ဘယ်လို ကြိုးစား ခဲ့ရတယ် ဆိုတာလေး ပြောပြ ပေးပါဦး”

“ပြောရရင်တော့ အတုတ်ကြီးပေါ့၊ အဲလေ.. အရှည်ကြီးပေါ့ သားရယ်.. ခုလို နာမည် မကြီးခင် တုန်းကတော့ မာမီ အရမ်းကို ရုန်းကန်ခဲ့ ရသေးတာ ပေါ့ကွယ်.. အိမ်မှာပဲ အလှပြင်ဆိုင် သေးသေးလေး ဖွင့်ခဲ့ရတာ”

“ဟုတ်ကဲ့.. အဲဒီကနေ ဘယ်လို နာမည်ကြီးဖို့ ဖြစ်လာတာလဲ ပြောပါဦး”

“တစ်နေ့မှာ မင်္ဂလာ ဆောင်မယ့် သတို့သမီးလေး တစ်ယောက်ကို အလှပြင်ပေးဖို့ လက်ခံပြီး တဲ့နောက်မှာ မာမီ တဟုန်ထိုး နာမည်ကြီး လာတာပါ သားရယ်.. သတို့သမီး နဲ့အတူ ပါလာတဲ့ သတို့သားလေး ကလည်း အရမ်းကို ဆော်တကင်တာ သားရဲ့”

“ဟမ်.. မာမီ မမိုက်ရိုင်းနဲ့နော်”

“ဟယ်.. သားရယ်.. ဆော်တကင်တယ် ဆိုတာ ဆင်တယ်လို့ ပြောတာပါ.. မာမီ မိုက်ရိုင်းတာ မဟုတ်ပါဘူး.. မှတ်ထား.. မာမီတို့က အထက်တန်းစား အချော်တကောက်.. တိုက်နဲ့ ကားနဲ့ ဟမ်းဖုန်းနဲ့ နေတာ.. ဟွန်း”

“ကဲပါ.. ဟုတ်ပါပြီ မာမီရယ်.. ဆက်ပြောပါ”

“မာမီလေ.. သတို့သားလေးကို ဖိန်းတိန်း ဖိန်းတိန်း ဖြစ်လွန်းလို့ကို သတို့သမီးလေးကို အလှဆုံး ပြင်ပေးလိုက်တာ.. ပြီးတော့ ပထမဆုံး လက်စွမ်းပြခွင့် ရတာ မဟုတ်လား.. အကောင်းဆုံး ဖြစ်စေချင် ဇောနဲ့ ပြင်ပေး လိုက်တာပေါ့..”

“ဆက်ပြောပါဦး မာမီ”

“အဟင်း.. မာမီ ပြင်ပေးလိုက်တာ လှလွန်းလို့နဲ့ တူပါတယ်.. သတို့သမီး အမေခမျာ သူ့သမီး ကိုလည်း မြင်ရော.. တခါတည်း နှလုံးခုန်ပါ ရပ်သွားတာ.. သတို့သားလေး ဆိုတာလေ မာမီ့ကို ကျေးဇူး တင်လွန်းလို့ သူ့ သူငယ်ချင်း တွေကိုပါ ကြေညာပေး ရာကနေ မာမီ နာမည်ကြီး လာတာပါပဲ သားရယ်..”

“ဟုတ်ပါပြီ.. ဒါနဲ့ အလှ ပြင်ရာမှာ မာမီ အသုံးများတဲ့ ပစ္စည်းက ဘာများပါလဲ”

“ထွေထွေထူးထူး မဟုတ်ပါဘူး သားရယ်.. သင်္ဘောဆေး သုတ်တဲ့ စုတ်တံ တစ်ချောင်း ရှိရင် ဖြစ်ပါတယ်.. ပါရမီအခံ ရှိတဲ့သူတွေ မဟုတ်လား.. ဟင်းဟင်း ဖလပ် ဖလပ်ဆို ပြီးသွားရောပဲ”

“ဟုတ်ပါပြီ.. နောက်ဆုံး အနေနဲ့ မာမီ့ အလှပြင်ခန်း ကနေ ဘယ်လို အလှ ပြုပြင်ရေးတွေ ဆောင်ရွက် ပေးတယ် ဆိုတာလေး..”

“အော်.. မာမီတို့ဆီမှာ ဆံပင် ကောက်လို့ရတယ်.. မြန်မှမြန်ပဲ.. မီးဖိုထဲမှာ မီးညှပ်ကို ရဲနေအောင် ကင်ထားပြီး ကောက်မယ် ဆိုတာနဲ့ အဆင်သင့် ဆံပင်မှာ ညင်ညင် သာသာလေး ကပ်ထည့် လိုက်တာပဲ.. ပြီးတော့ မျက်နှာ ရွှံ့သွင်း.. ဆံပင် ပေါင်းတင်.. အို.. အစုံပါပဲ သားရယ်..”

“အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေး တဲ့အတွက် ကျွန်တော်တို့က အထူး ကျေးဇူးတင် ပါတယ် မာမီစိုးမိုး”

“မာမီ ကလည်း အရော်ကမ်းကို ကျော်ကေး ဇော်ကူးပါ သားရယ်.. အဟင်း”

 

SBtv ချက်ကြပြုတ်ကြ ပေါက်ကရအစီအစဉ်

အခုတခေါက် တင်ဆက်မယ့် အစီအစဉ်လေး ကတော့ နီမြဲရဲ့ ချက်ကြပြုတ်ကြ ပေါက်ကရ အစီအစဉ်ပဲ ဖြစ်ပါတယ်။

စုဘူးက သယ်ရင်းများ အတွက် ကျွန်တော် နီမြဲက လုပ်ချင်ရာလုပ် ဟင်းချက်နည်း လေးတွေ ပို့ချမှာ ဖစ်ပါတယ်။ ဒီနေ့ ချက်မယ့် ဟင်းရဲ့ နာမီကတော့ ကြက်ဥ ကော်ရည် ဟင်းဘဲ ဖစ်ပါတယ်။ ပထမဆုံး အနေနဲ့ မီးဖိုပေါ်ကို ဒယ်အိုးတင် လိုက်ပါမယ်။ ဒယ်အိုး တင်ပီးတွားရင် ရေ လက်ဖက်ရည် ဇွန်းနဲ့ ၉၉၊ ၂ ပိုင်း ၁ ပိုင်းဇွန်း ထည့်ပါမယ်။ ရေပူလာပီ ဆိုရင် (ပူလား မပူလား သိဖို့အတွက် ဒယ်အိုးထဲ လက်နှိုက် ကြည့်လိုက်ပါ “နှိုက်ဝူး နှိုက်ဝူး ပူမှာပေါ့” လို့ ငြင်းနေရင် ရေပူ နေပါပြီ။) အဲလို ပူနေပီ ဆိုရင်တော့ ကြက်ဥ ၂ လုံးကို အခွံခွဲပီး ထည့်လိုက်ပါ။ ထည့်ပီး ဘယ်တစ်ခါ ညာတစ်ခါ ညာတစ်ခါ ဘယ်တစ်ခါ မွှေပါ။ ကြက်ဥ ကော်ရည်ဟင်း ဆိုတော့ ကော်ရည် ထည့်ရမှာ ပေါ့နော်။ ထည့်ကာနီး မှဘဲ ကော်မှုန့် မရှိတာ သိရတယ်။ ဒါပေမဲ့ ရပါတယ်။ ကြံဖန် လိုက်တာပေါ့။ သုံးလက်စ လက်ကျန် စူပါဂလူး ကော်ကို ဖင်ကနေ ညှစ်ပီးတော့ ဒယ်အိုးထဲ ထည့်လိုက် ပါတယ်။ ကော်ရည် အတွက်တော့ အဆင်ချော သွားပီ ဆိုတော့ တခါ အချို အရသာ အတွက် သကြား အစား မုန့်ဆိုင်က ပိုက်ပိုက် မပေးနိုင်လို့ အမ်းထားတဲ့ သကြားလုံး ၂ လုံးကို ထည့်လိုက် ပါတယ်။ နောက်တစ်ခါ အငန် အရသာ အတွက် ဆားမရှိဝူး ဖြစ်နေပြန်ပီ။ ဒါလည်း လွယ်ပါတယ်နော်။ ညာဘက် လက်ဖျံပေါ် ဘယ်လက် ဖဝါးတင်ပီး အားနဲ့ ပွတ်ချ လိုက်ပါ။ ထွက်လာတဲ့ ညိုညို မျှင်မျှင်လေး တွေက ဆား အစားထိုးပေါ့ ခင်ဗျာ (တချို့ကတော့ အဲဒါကို ဂျီးလို့ ပြောတာဘဲ ခင်ဗျ။ အဲဒါက သဘာဝက ပေးတဲ့ ဆားပေါ့ ခင်ဗျာ။ မယုံရင် နည်းနည်းလောက် လျက်ကြည့် ပေါ့ဗျာ) အားလုံး ထည့်ပီး သွားပီ ဖစ်တဲ့ အတွက် ညာမှဘယ် ဘယ်မှညာ မွှေပါ။ မွှေရင်း ဇွန်းပြန် ဆွဲထုတ်လို့ မရတော့တဲ့ အခြေအနေ ရောက်ရင်တော့ ကျက်သွားပီလို့ သတ်မှတ် ရပါမယ်။ ချက်လို့ ပီးတွားပီ ဆိုတော့ ပန်းကန်ထဲ ပြောင်းထဲ့ပီး၊ အင်း.. အဲလောက် ကပ်စီးနေပီ ဆိုတော့ ပန်းကန်ထဲတောင် ပြောင်းထည့်လို့ မရ လောက်ဝူး။ ဒယ်အိုး လိုက်သာ ချစားသုံး နိုင်ပါပီ..။

 

SBtv နောက်တစ်နေ့အစီအစဉ်

SBtv ရဲ့ အရင်နေ့ အစီအစဉ်တွေ ထုတ်လွှင့်မှု ပျက်ကွက် ခဲ့တာကြောင့် နောက်ရက်တွေမှာ ထပ်မံ ထုတ်လွှင့် ပေးနိုင်ဖို့ စပွန်ဆာ ရှာလျက် ရှိပါတယ်၊ အဲလေ.. ကြိုးစား နေပါတယ်။ ကနေ့ အစီအစဉ်မှာ နီမြဲ ပါဝင်ခဲ့ သလိုမျိုးပဲ ပူးပေါင်း လိုသူများ ဆက်သွယ် နိုင်ကြောင်းလည်း ပြောကြားလိုက် ရပါတယ် ခင်ဗျန်။

 

သူရဿဝါ ၊ နီမြဲ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment