သူမ မျက်နှာလေးဆီ
အိပ်မက်ရင်ဘတ်ကိုဖွင့်လှစ်
အချစ်နဲ့ ပစ်ပေါက်လိုက်တယ်
မင်း မနာကျင်စေရပါဘူးကွယ်။
လှစ်ခနဲ လှစ်ခနဲ ငါဖွင့်ပြတတ်သော
နတ်စောင်းသံများနားဆင်
အရှင်မရယ် နင် ပျော်နေပါရဲ့လား။
ပျိုမြစ်မှုနဲ့ချုပ်တဲ့ ဦးထုပ်ကိုဆောင်း
မင်းဟာ ငါ့အတွက်
အကောင်းဆုံးဒေသလည်းဖြစ်ရဲ့။
ကိုယ့်အပေါ် မင်းရဲ့ခေါ်သံများ
ရှည်လျားလာပါစေကွယ်။
ကိုယ့်ရဲ့စိတ်ကို ခရမ်းပြာရောင်များပွင့်စေသူ
မင်းဟာ ကိုယ့်ရဲ့
ကိုယ်စောင့်နတ်သမီးတစ်ပါး ဖြစ်လာတယ်။
သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment