Friday, February 13, 2009

သေအံ့မူးမူး ပန်းတွေလို


ရှုံးနေခဲ့တာကတော့ ကြာပါပြီ
အဲဒီလို သေအံ့မူးမူးသောပန်းတွေ
သူတို့ရနံ့ကို သူတို့ မကာကွယ်နိုင်တော့မှန်း
သေချာခဲ့ကတည်းကအစပေါ့။

ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ပြီး
မုန်းတီးကြည့်ပါတယ်တဲ့
သူငယ်ချင်းရေးခဲ့ဖူးသော ကဗျာထဲကလို
အရှုံးတွေကိုက ငါ့ကိုဖွားဖက်တော်လို ရင်းရင်းနှီးနှီး
ငါ့နှုတ်ခမ်းက အရှိုးရာအထပ်ထပ်နဲ့
ပြတ်သားလွန်းလှတယ်။

မိုးသားတိမ်တိုက်များလည်း မသိကြပါ။
သူသူငါငါ ပတ်ဝန်းကျင်လည်းမသိကြပါ။
တိတ်တခိုး သူမလေးလည်း မသိရှာပါ။
သူရူးလိုငါက အဆုံးမဲ့လောကနဲ့ခွန်းကြီးခွန်းငယ်
ကွယ်.. ငါပဲ ရှုံးခဲ့ပြန်တယ်။
ရှေ့က သေအံ့မူးမူးသော ပန်းတွေနဲ့အတူ။

 

သူရဿဝါ
၁၃ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment