“ဝေးကြပြီကောကွယ်”
တဲ့
အပူတစ်ထပ် အအေးတစ်ထပ်နဲ့
တဖြည်းဖြည်း ပြဇာတ်ဆန်လာပါတော့တယ်။
“.. .. ..
.. ..”
ခဏတာအသံလေးကိုပဲ
အလွမ်းမြို့ထဲပစ်ထည့်
ကိုယ် အံကြိတ်တတ်ခဲ့ပြီ။
ဖြစ်နိုင်မယ်ဆိုရင်
ကောင်မလေးရယ်
ခနဲ့တဲ့တဲ့ ပြုံးရွဲ့ညိုမဲ
ပြီးခဲ့သော ပြက္ခဒိန်တွေကို ဆုတ်ဖြဲပေးပါ။
ဂုမ္ဘာန်တစ်ထောင်တံခါး
အသူတရာချောက်ကမ္ဘား
ခြောက်ခြားပူခြစ်မီးလျှံများ
အဲဒီနိမိတ်ပုံတွေကြားကနေ
မင်းလက်ကလေးကို ကိုယ့်ဆီဆွဲမယူရက်ခဲ့ဘူး။
သေချာပါတယ်
မပွင့်ခဲ့ မဖူးခဲ့ ဝတ်မှုန်လည်းမကူးခဲ့။
ဘယ်နေရာကြည့်ကြည့်
အသံတွေချည်းသက်သက် တမ်းတခိုတွဲ
ရှင်ကွဲ။
သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment