နောက်ဆုံးအနမ်းနဲ့အတူ
ကြေကွဲခြင်းတွေ အစုလိုက်အပြုံလိုက် ပြိုကျ
နောက်ဆုံးအနမ်းဟာ
ပထမဆုံးလန့်နိုးသွားတဲ့အိပ်မက်မှန်းလည်းမသိခဲ့ဘူး။
နောက်ဆုံးအနမ်းဟာ
ကောင်းကင်ပေါ်ရောက်တယ်
တိမ်တွေထဲတိုးဝင်တယ်
အတွေးကိုတစစီဆုတ်ဖြဲပစ်တယ်
ငါမသိတဲ့နေရာအနှံ့မှာ
ငါ့ကိုမသိသလိုပဲ ပေါ့ပေါ့ပါးပါးလွင့်လို့
သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

No comments:
Post a Comment