လမ်းခွဲ ကျောခိုင်း
နာကျင်ကြေကွဲ။
အိုး..
ကြိုမြင်နေခဲ့ပြီးသားပါကွယ်။
ညီမလေးစိတ်ကူးတွေရဲ့ ဇာတ်သိမ်းပိုင်းကို။
ကိုယ်ကမှမကောင်းခဲ့တာကွယ်
ရွေ့သွားတဲ့ခေါင်းကိုလည်း မတားနိုင်ခဲ့ဘူး။
ကိုယ်ကမှ မကောင်းခဲ့တာကွယ်
ကိုယ်ကမှ.. မကောင်းခဲ့တာကွယ်။
အခုဆို ကိုယ်က
ညီမလေးမသောက်တတ်တဲ့ ဘလက်ကော်ဖီ
ညီမလေးမကြိုက်တဲ့ အစားအစာ
ညီမလေးမုန်းတဲ့ လမ်းသရဲတစ်ကောင်
ပြတ်ပြတ်သားသား
ခါးပစ်လိုက်တာကိုပဲ ကျေးဇူးတင်ပါရဲ့။
ပြန်လှည့်မကြည့်ကြကြေး
ပြန်မကြည့်ဖြစ်ကြကြေး
ခပ်ဝေးဝေး
လမ်းခွဲ။
သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment