Saturday, February 21, 2009

ညီမလေးသို့..


စံပယ်တွေတောင်
လွယ်လွယ်ပွင့်ခဲ့ကြတာမဟုတ်ဘူး ညီမလေးရယ်။
လောကနိယာမထဲ
အလိုက်သင့်အလျားသင့် နေတတ်အောင်ကြိုးစား
မင်းရဲ့ အကြီးအကျယ် ကံဆိုးခြင်းက
ကမ္ဘာပေါ်ကနေ အုပ်မိုးကြည့်ရင် ကွက်ကျားမိုးပဲ။

မင်းရင့်ကျက်သင့်တဲ့ သဘောတရားက
မှန်တင်ခုံပေါ်မှာမရှိဘူး။
စလင်းဘက်အိတ်ထဲမှာမရှိဘူး။
မင်းကြည့်ချင်တဲ့ ရှိုးပွဲလက်မှတ်ထဲမှာမရှိဘူး။

ဖြစ်နိုင်ရင်
မြင်ရတာကိုပဲ သေချာကြည့်
လူတွေအကြောင်း ကောင်းကောင်းသိလာမယ်။

တကယ်တော့.. စံပယ်တွေတောင်
လွယ်လွယ်ပွင့်ခဲ့ကြတာမှမဟုတ်ဘဲ ညီမလေးရယ်။

 

သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment