ဒဏ်ရာက ညဉ့်လိုနက်လာတယ်
ကိုယ့်အပေါ် ကောင်းကင်ဘယ်နှစုံများ
ကြွေကျနေခဲ့ကြသလဲ။
ပြောပေးကြပါကွယ်
ရှေးကကံဟောင်းတွေကို
ကိုယ်တိတ်တိတ်ကလေးနေ
အရင်လို မပေတော့ပါဘူးဆိုတာ။
မပျံသန်းနိုင်ဘူး
အတောင်ပံတွေ တဆစ်ဆစ်ကြေမွ
ဘဝကို ခပ်တွေတွေလေးပဲ
ပြည့်ကြည့်ခဲ့မိတယ်။
နှုတ်မဆက်ပါရစေနဲ့တော့
မြင်နေရသမျှက ကျိန်စာ။
သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment