Sunday, February 22, 2009

ခြေရာမဲ့အလွမ်း


ပြီးပြီ
ဂန္တဝင်မြောက်လောက်တဲ့ ဒဏ်ရာတွေက
လေထဲ မိုးထဲ ရာသီဥတုဆိုးဆိုးထဲမှာ။

မမြင်ရပါဘူး။
လေညှင်းညှင်းလေးတိုက်တာတောင် နာတယ်။
ကိုယ်တစ်ယောက်တည်းပဲ သိပါရဲ့။

ရင်ဘတ်ပေါ် ရွာချသွားတဲ့အလွမ်းက
ခြေရာမဲ့တယ်
ရောင်းတန်းဝင်ပန်းချီကားတစ်ချပ်မဟုတ်ဘူး
ဒါပေမဲ့ ကြီးကျယ်ခမ်းနားတယ်။

ဆွဲထုတ်ပစ်လို့မရတော့တဲ့
မျှော်လင့်ချက်အသေတွေက
နေလို မီးလို ပူတယ်
ပြီးခဲ့ ဆုံးခဲ့
အားလုံးပြီးခဲ့ပြီ။

 

သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment