ကိုယ့်ကိုမချစ်ပါနဲ့လား ကောင်မလေးရယ်
မြင်ခွင့်မရှိတော့တဲ့ မျက်စိတဆုံးတွေက ဝေးလွန်းလှ။
မင်းဟာ ကိုယ်သိမ်းပိုက်ခွင့်မရှိတဲ့ ကောင်းကင်တစ်ပါး
ဖြစ်ချင်ဖြစ်မယ်။
ကိုယ်ခြုံရုံခွင့်မရှိတဲ့ ပိုးသားခြုံလွှာတစ်ထည် ဖြစ်ချင်ဖြစ်လိမ့်မယ်။
သေချာတာကတော့
ကိုယ့်ဘဝထဲမှာ နင့်နာမည်ကိုရေးချလို့မရနိုင်တာပဲ။
ပုံပြင်ထဲမှာတော့
စောင်းသမားဟာ ဘုရင့်သမီးတော်ကို ပိုင်ဆိုင်ဖူးပါသတဲ့။
ကျောက်စာရာဇဝင်များ ထားခဲ့ပါ။
ကိုယ့်ရဲ့အဝေးမှာ ထားခဲ့ပါ။
ကိုယ့်ကို မချစ်ပါနဲ့လားကောင်မလေးရယ်
ကိုယ်က မင်းကိုချစ်ခဲ့ဖူးပြီး
မင်းက ကိုယ့်ကိုချစ်ခဲ့ဖူးတဲ့ အသိလေးနဲ့
အဲဒီအသိလေးနဲ့ပဲ
ဘယ်လိုအိပ်မက်မျိုးမှ မမက်ခဲ့ကြဖူးသလို
ရှေ့ဆက်ရှင်သန်ကြပါစို့ကွယ်။
သူရဿဝါ
၂၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com
No comments:
Post a Comment