Thursday, February 26, 2009

တမ်းတ

ပန်းတွေပွင့်သော မြို့ကရုန်းခဲ့သူ
အဆုံးမဲ့ ကျရှုံးခြင်းတရားဟာ ငါပဲ။

ကိုယ်တိုင် ထွင်းယူခဲ့တဲ့ အနာတရများ
အချိန်မှီပြန်ကျက်ဖို့ မလွယ်ဘူး
ဒါပေမဲ့ စိတ်လိုလက်ရ။

ဘာပဲဖြစ်ဖြစ်
ချစ်မိပါတယ်။

နက္ခတ်စုံသော ကောင်းကင်က ရုန်းမိသူ
အဆုံးမဲ့ကြေကွဲခြင်းတရားဟာ
ငါပါပဲ။

 

သူရဿဝါ
၂၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Fineartamerica.com

No comments:

Post a Comment