တစ်ခါတလေတော့လည်း
ခပ်ရွဲ့ရွဲ့ပျင်းကြည့်လိုက်ပါကွယ်။
အမြဲတမ်း ထက်သန်တက်ကြွနေရတာကိုက
ပျင်းဖို့ကောင်းနေပြန်တယ်။
အလုပ်ကိစ္စတွေအကြောင်းမတွေးနဲ့
ရည်းစားအကြောင်းမတွေးနဲ့
နောင်တတွေရခဲ့ဖူးတာကိုမတွေးနဲ့
ပျင်းတိပျင်းတွဲ သမ်းဝေနေလိုက်တာပဲ
ပိုပြီးလက်တွေ့ဆန်နေလိမ့်မယ်။
ဘဝမှာ
အချိန်တော်တော်ကြာ အလုပ်များခဲ့ပြီးပြီ။
ခပ်ပျင်းပျင်းအိပ်နေကြည့်
အရင်ထက်တော့ စိတ်လက်ပေါ့ပါးလာပါရဲ့။
တစ်ခါတလေတော့လည်း
ပျင်းဖို့ကောင်းလောက်အောင်ပဲ
ခပ်ဆိုးဆိုးပုံစံမျိုး ပျင်းကြည့်လိုက်ပါကွယ်။
သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com
No comments:
Post a Comment