Sunday, February 22, 2009

အဆိပ်သင့်နေတဲ့ အတွေး



 

ဒီနေ့အတွေးက
ငါ့အတွက် အဆိပ်သင့်
နေဝင် မိုးချုပ်

မနက်ဖြန် သဘက်ခါ
အနာဂတ်

ဘယ်ကိုမှ ဆက်မသွားချင်တော့ဘူး
ရူးတယ်။

အဲဒီစိတ်နဲ့ငါ
သဟဇာတမဖြစ်ဘူး

ငါတို့က ပြဒါးတလမ်း သံတလမ်း
တွေးရင်းနဲ့ အသက်ရှူသံပါကြမ်းလာတယ်။

ငါနဲ့ ကောင်းကင်
နီးကပ်လာတဲ့တစ်နေ့

အဲဒီအတွေးဆီ
ခပ်ရဲရဲ ငါပြန်ဝင်လာခဲ့မယ်။

သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉

Image Credit: Gettyimages.com

No comments:

Post a Comment