ကျိန်စာတွေလား
ဆုတောင်းမေတ္တာတွေလားတော့ မသိဘူး
ငါ့မှာ လမ်းဆက်လျှောက်လို့မရတော့။
မနေ့က နေပူတယ်
ဒီနေ့မိုးရွာတယ်
မနက်ဖြန်ကျ ဘာဖြစ်ဦးမလဲ
ရာသီဥတုကလည်း ငါ့အချစ်ရေးလိုပဲ
မတည်ငြိမ်ဘူး။
ရပ်တည်ချက်မှန်သမျှဝေဝါး
ငါက လမ်းပေါ်ကကောင်ပါ
ငါက အသည်းကွဲမွေးမြူရေးသမားပါ
ငါက အလေအလွင့်စိတ်တွေ ယင်းထနေတဲ့ကောင်ပါ။
အဲဒီလိုနဲ့ပဲ
ကျိန်စာလား ဆုတောင်းမေတ္တာလားမသိတဲ့ စကားတွေကြား
နင်နဲ့ငါ့အပေါ် ရပ်တည်ချက်မှန်သမျှ ဝေဝါးခဲ့တယ်။
သူရဿဝါ
၂၃ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

No comments:
Post a Comment