ကိုယ်လေ ငိုနေခဲ့ပါတယ်။
ပြိုနေတဲ့မိုးရယ် ကိုယ့်မှာတော့
ဆိုးပြီးရင်းဆိုးနေတဲ့ ကြမ္မာနဲ့
ဖိနပ်ဟောင်းလေးလို ဘဝ။
ခုတလော အိပ်မက်တွေကို
သိပ်သဘောမကျလှဘူး။
လက်ပြရင်း နှုတ်ဆက်ရင်း
တိုးဖျော့သွားတဲ့အသံလေးကိုပဲ ငေး။
“မျက်ရည်တွေကို ငုံ့ကြည့်နေခဲ့တာပါ” လို့
မလုံမလဲ ဆိုပါရစေ
ခေါင်းကိုသာငုံ့ထားသူရဲ့ လမ်းဟာ
ကြမ်းချင်တိုင်း ကြမ်းနေပါရောလားကွယ်။
ဘယ်နေ့
ဘယ်နေ့
ဘယ်နေ့များမှ
ကွယ်.. ငိုနေခဲ့ဖူးတယ်။
သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image Credit: Images.google.com
Image Credit: Images.google.com

No comments:
Post a Comment