Thursday, February 12, 2009

နာတာရှည်


ပြန်မကြည့်ပေမယ့် မြင်နေရ
ရင်ထဲက ဒဏ်ရာဆိုတော့လည်း။

ကိုယ်ပိုင်တာပါပဲ
ဒါပေမဲ့ အဲဒီတစ်ရက်ကိုတော့ မလိုချင်ခဲ့
အမုန်း အမုန်း အမုန်း
အဲဒီတေးကိုမှ ဘာလို့များ
ထပ်ခါတလဲလဲ ဖွင့်ထားခဲ့ပါလိမ့် ညီမလေးရယ်။

အဲ့ဒီရက်ကစလို့ ရက်ပေါင်းများစွာ
ငါဟာ နာတာရှည်ခဲ့။

ညီမလေးကိုယ်စား
ထားခဲ့တဲ့အမုန်းက
ကိုယ့်ကို ခါးခါးသီးသီးပြုံးပြနေခဲ့ကြတယ်။

ခုတော့ ငါဆိုတာ
ဒဏ်ရာတစ်သန်းနဲ့ မလန်းတော့တဲ့
ညီမလေးထားခဲ့သော နာတာရှည်။

 

သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Dreamstime.com

No comments:

Post a Comment