Saturday, January 03, 2009

အလင်းစကား


မကြာခင်လာမယ့် အလင်းကိုကြိုဖို့
မီးအိမ်တွေ ငြှိမ်းသတ်ပစ်ကြ
ငါ့အတွက် ကြောင့်ကြမဲ့သော လှမ်းလာခြင်းမျိုးဖြစ်စေ။

လက်ခုပ်သံမလိုဘူး။
ခရာမှုတ်သံ အားပေးသံတွေလည်း မလိုဘူး။
မလိုတမာမျက်လုံးတွေကို
တဆိတ်သိမ်းထားပေးရင် တော်ပြီ။

ဟေး.. လောက
ငါ့ကိုသေချာကြည့်ပါ
အရာအားလုံး ဒူးထောက်ခွေစင်း
အဲဒီ အနိုင်အထက် သင့်ခြေရင်းမှာ
အလင်းဆိုတဲ့ ငါမပါဘူး။ ။

 

သူရဿဝါ
၀၃ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment