Saturday, January 03, 2009

ခရီးဆောင်စိတ်ဓာတ်


မင်းက ကျိုးလွယ်ကြေလွယ်
စိတ်ဓာတ်တွေမွေးထား
အဲဒါကိုသယ်ပြီး မင်းလျှောက်သွားနေရတာ
မလေးလှဘူးလားကွာ

ဘဝဆိုတဲ့ကောင်ကို
မင်း မထီတရီကြည့်တတ်မှ
သရော်တော်တော်ပြုံးတတ်မှ
မင်းနဲ့အဆင်ပြေလိမ့်မယ်

ဒီနေ့ခေတ်ရဲ့ သူရဲကောင်းဟာ
ဓားတွေ လှံတွေ တမြေ့မြေ့သွေးမနေဘူး
မလိုအပ်ဘူး
ကျန်နေခဲ့တဲ့အရှိုးရာကို
သွေးအေးအေးထိုင်ကြည့်
ကိုယ်ခံအားကောင်းကောင်းစိတ်ဓာတ်ဆိုတာ
၉၆ ပါးရောဂါကိုပါ နိုင်တယ်

တကယ်တော့
နေဝင်တယ်ဆိုတာလည်း
နေပြန်ထွက်ဖို့ အားယူနေတာ။

 

သူရဿဝါ
၀၃ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment