စိတ်ကူးကို လေလိုလွှင့်ထားလိုက်တဲ့ခဏ
အရောင်စွန်းခဲ့တဲ့ အင်္ကျီဖြူဖြူလေးကိုမြင်တယ်
မနေ့ကပြန်မရောက်ခဲ့တဲ့ ရပ်ကွက်လေးကိုမြင်တယ်
ဟိုးအဝေးနယ်က မေမေ့မျက်နှာကိုမြင်တယ်
ရှေ့မှာရှိနေသမျှ
မြင်ရက်စရာမကောင်းတဲ့ မျက်နှာအတုတွေချည်း
ပူလောင်နေကြ
မာနတက်နေကြ
အားလုံးဟာ စနစ်တကျ (ဒါမှမဟုတ်)
ဖရိုဖရဲ မှားယွင်းနေတယ်
မာယာရောင်စုံကြားထဲ
ငါ့ကိုယ်ငါ လိပ်ပြာမသန့်တော့တဲ့အခါ
ထွက်ပြေးလို့မရသေးတဲ့အခါ
အရောင်စွန်းသွားတဲ့ အင်္ကျီဖြူဖြူလေး
ပြန်မရောက်နိုင်သေးတဲ့ရပ်ကွက်လေး
ဟိုးအဝေးက မေမေ့မျက်နှာလေး
အဲဒါတွေကိုပြန်မြင်ဖို့
စိတ်ကူးတွေကို လေလိုပဲ
အထိန်းအချုပ်မဲ့စွာ လွှင့်တင်ထားလိုက်မိတော့တယ်။
သူရဿဝါ
၀၃ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment