တဖွဲဖွားဖွား နှင်းတွေ
ကိုယ့်လမ်းမပေါ် ပြန့်ကျဲဝေသီ
ရောက်မလာသေးတဲ့နေ့တွေဆီ
ကြိုကြိုတင်တင်လွမ်းမိတယ်။
ဘယ်လိုပြုစားမှုမျိုးပါလိမ့် မိသံစဉ်
မုန်တိုင်းမလာခင်
တညင်းညင်းလေပြေတွေကိုတောင်
တစိမ့်စိမ့်တွေး ကြောက်နေရတာ။
ကိုယ့်ရင်တခုလုံး
မင်းအပြုံးတွေနဲ့ပဲ ဖြည့်ထားချင်ခဲ့တာပါ။
ကိုယ့်အပေါ်
ဖြာဆင်းလင်းလွင်ပေးပါ မိသံစဉ်။
အိပ်မက်တွေ
အပြာရောင်ခေါင်းစဉ်နဲ့ အိပ်မက်တွေ
ကိုယ့်ရဲ့ မျှော်လင့်ခြင်းပြတင်းကို ဆွဲဖွင့်
မင့်အတွက် အိပ်စက်ခြင်းပဲဖြစ်ပါရစေ မိသံစဉ်။
တကယ်ပါပဲ
ကိုယ့်ရင်ဘယ်ဖက်တစ်ခြမ်းထဲ
ပြန့်ကျဲဝေသီ
တဖွဲဖွဲနှင်းတွေ ပြန့်ကျဲဝေသီ
အိပ်မက်တွေဆီ
ကြိုကြိုတင်တင်လွမ်းနေမိတယ်။
သူရဿဝါ
၁၂ - ဒီဇင်ဘာ - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment