နှုတ်ဆက်ပြီဆိုကတည်းက
အနည်းဆုံးတော့
ခဏပဲဖြစ်ဖြစ် ခွဲခွာကြရမယ်။
သိနေခဲ့လည်း
ကြေကြေကွဲကွဲ နှုတ်ဆက်ဖြစ်တယ်။
ရင်ချင်း ပါးချင်း ခဏလောက် ထိကပ်ထားရုံလေး
တစ်ယောက်မျက်လုံးကို တစ်ယောက်
လွင့်လွင့်ဝေးဝေး ငေးကြည့်မိကြရုံလေး
ဒီထက်လည်း မပိုခဲ့ပါဘူးကွယ်။
ငါတို့ကြားမှာ
ချောက်ကမ္ဘား အထပ်ထပ်ခြားသလို
မြေအလွှာလွှာခြားသလို
လွဲချော်မှုသင်္ကေတတွေနဲ့သာ ယဉ်ပါး
လွဲမှားနေခဲ့ရတယ်။
ဝေး.. ဝေး..
ဝေးပြီးရင်းဝေး
ငါ့ရင်မှာလည်း
သွေးတွေချင်းချင်းနီမလောက် ပေါက်ထွက်နေခဲ့။
ပြီးဆုံးသွားပါပြီတဲ့
ရိုးရာတေးတွေအားလုံး
အရှုံးတွေသာ ဖုံးခဲ့တယ်။
သူရဿဝါ
၀၃ - ဇွန် - ၂၀၀၈
Image source; Images.google.com

No comments:
Post a Comment