Wednesday, April 30, 2008

အနာရင်းခြင်း


ကြေကြေကွဲကွဲ
ဒီထက်ပိုပြီး ကြေကြေကွဲကွဲ
နတ်ဆိုးရဲ့ လောင်းရိပ်တွေအောက်
ဒူးထောက်ထားခဲ့ရတဲ့ ညတွေမှာ။

မြင်ရက်စရာမကောင်းတဲ့
ဒဏ်ရာဒဏ်ချက်များ
သွေးအလိမ်းလိမ်းကျ သိမ်ငယ်မှုများ
ငါ့ရာဇဝင်မှာတောင်
ငါက သူရဲကောင်းမဖြစ်ခဲ့ရတဲ့ကောင်ပါ။

ရင်ထဲက အနာတွေများ ထွက်ကျသွားမလားလို့
ခေါင်းကိုသာ တွင်တွင်ငုံ့ထားမိတယ်။
မနက်ဖြန်အမည်ခံထားတဲ့
ဒဏ်ရာအသစ်တွေဆီကို
တဆစ်ဆစ်နာကျင်မှုတွေသယ်ပြီး မသွားချင်တော့ဘူး။

 

သူရဿဝါ
၃၀ - ဧပရယ်လ် - ၂၀၀၈
Image source; Silhouette.pics

No comments:

Post a Comment