Monday, April 21, 2008

နှစ်သိမ့်ခြင်းတေးသွား


မင်းတို့မျက်လုံးတွေ
ပိတ်ပစ်လိုက်ကြတော့ကွယ်။

ရိုက်ချက်ပြင်းပြင်းလောကဓံကို
ခါးစည်း ရင်စည်း မခံချင်စမ်းနဲ့။
မှီအောင်လိုက်လို့မရတဲ့
ကံဆိုးခြင်းနောက်တော်ပါးမှာ မခစားချင်စမ်းနဲ့။

ဦးတည်ရာပန်းတိုင်များဆီရောက်ဖို့
အဲဒီ ဒဏ်ရာမှန်သမျှကို ထားခဲ့
ကိုယ်စီကိုယ်ငှ ချစ်ခြင်းတရားကို
မျက်လုံးဒေါက်ထောက်
ကာကွယ်စောင့်ရှောက်ခြင်းအဖြစ်သာ ပြောင်းကြ။
ချစ်သူ့မျက်ရည်ကို မမြင်ချင်မှတော့
ကိုယ်တိုင်လည်း ကျောခိုင်းပြီးမှ ငိုပေါ့ကွယ်။

“အရင်တုန်းက” တေးသွားတွေချန်ခဲ့
အနာဂတ်ခရီးကို ကြေကွဲမှုတစ်ဝက်ထည့်ပြီး သံပြိုင်ဆိုမယ်။

တကယ်ဆို
လူငယ်တွေရဲ့ စိတ်ဓာတ်သမိုင်းက
မရိုင်းလှပါဘူးကွယ်။

 

သူရဿဝါ
၂၁ - ဧပရယ်လ် - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment