နှုတ်ဆက်ခဲ့တယ် အလင်းရေ
အမှောင်ထုထဲ
သွားရဦးမယ်။
ကမ္ဘာရဲ့ဟိုဖက်ခြမ်း၊ ဒါမှမဟုတ်
ကမ္ဘာ့ဒီဖက်ခြမ်း
တလှည့်စီတော့
မှောင်အိုပျက်ယွင်းဖူးကြတာပါပဲ။
မိုးစက်တွေ
လေညင်းတွေ
ဘာကိုမှလည်း
လှည့်မကြည့်ချင်တော့ဘူးကွယ်။
မင်းတို့ရဲ့ နှုတ်ဆက်မှုဟာလည်း
ငါ့ကို နှိပ်စက်နေသလိုပါပဲ။
ကျေးဇူးပြုပြီး
တဆိတ်ကလေး
ကျေးဇူးပြုပြီး..
ငါ့အသက်ရှုသံကို ငါပိုင်လာတဲ့တနေ့
ငါ့ရပ်တည်ချက်တွေ
ခိုင်မတ်မာကျောလာတဲ့တနေ့
တနေ့နေ့ဆိုတာကို
ငါပိုင်လာတဲ့တနေ့တော့ ပြန်ခဲ့မယ်။
နှုတ်ဆက်ခဲ့တယ် အလင်းရယ်။
သူရဿဝါ
၃၀ - ဧပရယ်လ် - ၂၀၀၈
Image source; Images.google.com

No comments:
Post a Comment