မျက်လုံးလေးတစ်စုံအတွက်
ဟောဒီရင်ဘတ်
တလှပ်လှပ်ဖြစ်တတ်လာမှုကအစပေါ့။
ကိုယ်တတ်နိုင်တာက
စိတ်ကူးလေးတွေကို
လှလှပပထုဆစ်
“အချစ်”
လို့ခေါင်းစဉ်တပ်ထားရုံလောက်ပဲ။
ဆန္ဒတွေကို
မချင့်မရဲသိမ်းခေါက်
ရောက်ရာအရပ်မှာ
ပြန်ဖွင့်ကြည့်ရုံလောက်ပဲ။
ဖြစ်နိုင်မယ်ဆိုရင်
ရင်ခွင်တစ်ခုလုံးကိုခြွေချ
ချစ်တတ်လာအောင်
ကြွေပြချင်တာလေ။
ပေတိပေကပ်အမူအယာနဲ့
ကိုယ့်ရဲ့
ကြယ်ဆိုးမလေးရေ
ရင်ခုန်သံချင်း
ကိုင်းကူးကိုင်းဆက်နည်းအရ
မင်းရဲ့နှလုံးသားထဲ
ကိုယ့်ကို
ဝတ်မှုန်ကူးခွင့်ပြုပါ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image
source; Images.google.com
No comments:
Post a Comment