အချစ်ဆိုတာ
ခါးမယ်မှန်းမသိခင်က
သူ့လိုဘနဲ့ ကိုယ့်လိုဘ
စိတ်ရှည်လက်ရှည် ကြိုးညှိဖူးတယ်။
အချစ်ဆိုတာ
ဓားပြတစ်ကောင်မှန်းမသိခင်က
အသေးအမွှားကအစပုံအပ်
စိတ်လိုလက်ရ ကျောချဖူးတယ်။
အပေးနဲ့အယူ
ချိတ်ဆက်လို့မရတဲ့အခါ
သေရေးရှင်ရေးမှာ ထိချက်မမှန်တဲ့အခါ
အရာရာ စိတ်ကျေရာဂါ။
ချစ်သူ
ကဗျာရေးဖို့လောက်ပဲ ကုန်ကြမ်းပေးခဲ့ပါ။
အလွမ်းတွေများလွန်းတော့လည်း
သိမ်းစရာနေရာ ရှာမရပြန်ဘူး။
အနာဂတ်မှာ ရင့်ကျက်ခြင်းတွေ
လူလားမြောက်ချင် မြောက်နေနိုင်ပေမယ့်
ပစ္စုပ္ပန်အတွက်တော့
Parking ထိုးဖို့ နေရာမလွတ်သေးဘူး။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment