မျှော်လင့်ချက်ဆိုတာကလည်း
ရိုးတံမရှိတော့တဲ့နှင်းဆီလိုပါကွယ်။
ဝေးကွာခြင်းရဲ့ခွာသံများ
အခန်းနံရံမှာ ပင့်ကူမျှင်လိုရစ်ပတ်ငြိတွယ်
ငါ့ဘာသာဗေဒမှာတော့
မင်းက ထွက်ခွာရာပြပုဒ်ပါပဲ။
ဆန့်ထုတ်ထားရသမျှ
တမျှော်တခေါ်အလွမ်းတွေကလည်း
ထိကရုန်းလိုပဲ ကြေလွယ်ကွဲလွယ်စိတ်ကလေးနဲ့
ပြောကြစတမ်းဆို
ငါက အပူသည်ပေါ့။
ဆွဲဆန့်ကြည့်လို့မရတဲ့
သေရာပါခေါက်ချိုးတွေအပြင်
မင့်ဝတ်ကျေတမ်းကျေဧည့်ခန်းကလည်း
ငါ့အတွက်ကျဉ်းမြောင်းလာမှတော့
ဝေးနေကြတာပဲကောင်းပါတယ်
ဝေးနေကြတာပဲကောင်းပါတယ်ကွယ်။
သူရဿဝါ
၁၂၊
ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment