မင်းတန်ဖိုးထားတဲ့မိန်းမက
မင်းအနုပညာကို
တန်ဖိုးထားသလို
မင်းအပေါ်
မသင်းပျံ့ဘူး။
သူ့မေးစေ့အလယ်က
မှဲ့နက်ကလေးပေါ်
မင်းဆီက
တစိမ့်စိမ့်စီးနေတဲ့ “အိုက်စိုဒိုဇင်း” တွေ
သူ့နှလုံးသားထဲ
မထိရှဘူး။
သူ့ဆန္ဒအလျောက်
စီရင်ခဲ့တဲ့
အစပြု
အဆုံးသတ် မိုးသီးမိုးပေါက်တိုင်းက
မင်းခန္ဓာထဲ
တဆုံးထိုးခွဲတယ်။
အခုလောက်ဆို
မင်းစိတ်လိုလက်ရ
ရေးပေးခဲ့တဲ့ ကဗျာတွေ
သူ့ဒိုင်ယာရီထဲ
သိမ်းမထားလောက်တော့ဘူး။
အခုလောက်ဆို
မင်း
တခုတ်တရခေါက်ပေးခဲ့တဲ့ စက္ကူငှက်ရုပ်လေးတွေ
သူ့မှန်တင်ခုံပေါ်
တင်မထားလောက်တော့ဘူး။
သူရဿဝါ
၁၂၊
ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:
Post a Comment