မျက်နှာကတော့ နေသာချင်ယောင်ဆောင်
ရင်ဘတ်ထဲမှာ တိမ်တစ်ခြမ်းငိုနေတယ်။
အညှာအတာမဲ့ ကြိုးဝိုင်းကြား
ဝိညာဉ်တစ်ကောင်လေ
ပိုးစိုးပက်စက် ကျရှုံးနေလေရဲ့။
ပတ်ဝန်းကျင်က စကားလုံးစစ်ထိုး
မင်းသွင်းပစ်လိုက်တဲ့ ပွဲသိမ်းဂိုးမှာ
ကံတွေဆိုးလိုက်ပုံများ
ကြိုးစားပမ်းစား ရေလောင်းပေါင်းသင်ပေးနေတဲ့ကြားက
အဲဒီအပင် သွေးထွက်လွန်သွားခဲ့တယ်။
သူရဿဝါ
၁၃၊
ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment