လေးလံနက်ရှိုင်းစွာ
ထမ်းပိုးထားခဲ့တဲ့
တစ်စုံတရာဟာ
ကျေးဇူးသိတတ်မှုကင်းမဲ့ခြင်းနဲ့
ခေါင်းပေါ်ကခုန်ချသွားတဲ့အခါ
ကိုယ့်ဟင်းလင်းပြင်ဟာ
နွမ်းနယ်မှိန်ဖျော့စွာ
အမည်ပျောက်ခဲ့
မနေ့က
ဆေးရောင်တွေပေါ်မှာ
အနာဂတ်ပျောက်ကြမ်းရှရှစုတ်ချက်များ
မျက်နှာထားတင်းတင်းမာမာထားခဲ့
အဲဒီ
မေလ
၄ ရက်နေ့
ငါ့ရဲ့
တစ်ရာသီစာအရှုံး
အရှုံးနေ့ရက်များမှာ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment