ဟောဒီလမ်းကျဉ်းလေးထဲ
အလွမ်းတွေပဲ
ဖိတ်စင်လျှံကျနေခဲ့။
နွေအနှောင်းမှာ
နွေဦးကို ပြန်စောင့်နေမိတော့
မောတယ်။
အပြုံးလေးတစ်ခုနဲ့တင်ပဲ
မင်းကို
ရေဆုံးမြေဆုံး ရူးသွပ်တယ်။
ခွင့်ပြုပါ
ခွင့်ပြုပါ “နောက်ဆုံးအင်္ဂါနေ့လေး” ရယ်
မင်းရဲ့ မြေနီလမ်းလေးထဲ
မင်းရဲ့ ညနေချမ်းလေးထဲ
ကိုယ့်ကို
ရိုရိုကျိုးကျိုး နူးညွတ်ခွင့်ပြုပါကွယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment