စကြာဝဠာ
အလွှာထုနှင့်အမျှ
ချစ်မြတ်ရပါသော ချစ်သူ
အကျွန်ုပ်၏
ချစ်ခြင်းဖွဲ့တည်ရာ
ကောင်းကင်နိုင်ငံတော်သို့
တက်ရောက်စံမြန်းရန်အလို့ငှာ
အရှင်မ၏
ထွေးအိဝါဖန့်သောလက်အစုံကိုလည်း
ဆန့်တန်းပေးတော်မူပြီး
စိမ်းမြညက်ညောသောခြေအစုံဖြင့်လည်း
ကြွလှမ်းတော်မူပါ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment