Wednesday, February 13, 2008

စိတ္တဇရောင်အတွေးများ


အားမရှိတဲ့ အင်ဗာတာတစ်လုံးလို
မီးပိတ်သွားမယ့်အချိန်ကိုပဲ
ညှိုးရော်စွာနဲ့ မျှော်လင့်
စိတ်တထင့်ထင့် ချစ်မိရဲ့။

ခွဲရမယ်လို့
မတော်တဆလေး တွေးမိတာနဲ့
သိမ်ငယ်မှုက
တစ်ရှူးစလို ပါးလျားသွားတယ်။

ဝေးသွားကြရင်တောင်
ငါ့ဒိုင်ယာရီစာရွက်တွေထဲကနေ
နင့်ကို
ဆွဲထုတ်ရက်လိမ့်မယ် မဟုတ်ဘူး

မထားခဲ့ပါနဲ့
အမှောင်ထဲမှာဆို
ငါတစ်ယောက်တည်း
ကြောက်တယ်။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment