ဟောဒီမှာ
ရင်ဘတ်ထဲပြုတ်ကျလာတဲ့ စိတ်ကူးသက်သက်များ။
စက္ကန့်မလပ်
နာဖျားတဲ့စိတ်မှာ
မချင့်မရဲအချစ်တွေ
နွယ်ပင်လိုတရစ်ပြီးတရစ်ပတ်ခဲ့။
“မုန့်ဆီကြော်ကဘယ်နေမှန်းမသိ”
လို့
ကိုယ့်ကိုယ်ကိုယ်ဆုံးမရင်းနဲ့ကိုပဲ
သတိရခြင်းက
သောက်လက်စ လက်ဖက်ရည်ခွက်ထဲ စိမ့်ဝင်လိုက်
စီးကရက်မီးခိုးလို တလူလူတက်လိုက်နဲ့
ဇွတ်တရွတ်ခုတ်မောင်းနေခဲ့။
ပစ္စုပ္ပန်တောင်
မပိုင်သေးတဲ့ကောင်က
အနာဂတ်ကို တခုတ်တရဖက်တွယ်
သေချာပါတယ်
ငါသူ့ကိုလွမ်းနေပြန်ပြီ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:
Post a Comment