ပေးဆပ်ခြင်းရီးစဉ် စတင်ချင်တာကြာပြီ။
အခန်းနံရံမှာ ချောကလက်ရောင်တွေပဲသုတ်လိမ်းထား
မြင်စေချင်မိရဲ့။
မင်းလက်ဖဝါးပေါ်အုပ်မိုးထားချင်တာ “အချစ်”
ပါ။
ငါ့မျက်လုံးအိမ် ခပ်ကျဉ်းကျဉ်းထဲ
မင်းမျက်နှာလေးအပြည့်ရှိရင်
ဒီတစ်သက် ငါမသေချင်ဘူး။
မင်းရယ်မောနေရင် ငါက
လူရွှင်တော်ဖြစ်ရဲ့
မင်းနားထောင်နေရင် ငါက
ကက်ဆက်တစ်လုံးဖြစ်ရဲ့
တစ်ခါတရံ မင်းမျက်ရည်များ သုတ်သင်ဖို့အတွက်
လက်ကိုင်ပဝါတစ်ထည်လည်းဖြစ်သေးရဲ့။
မပြီးဆုံးချင်သောပေးဆပ်မှုများ
ကောင်းကင်မျက်နှာလို အမြဲတမ်းပြာရီ
နေ့ကောင်းရက်သာရွေးထားပါ အချစ်။
ငါက
ခြေခင်းလက်ခင်းသာတာနဲ့
ခရီးစဉ်စချင်တဲ့ကောင်ပါ။
သူရဿဝါ
၁၃၊
ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment