မင်းဖက်က
မကျော်ဖြတ်ရဲတဲ့
ငါ့ဖက်ကလည်း
လှမ်းကြည့်ရုံအပြင်မတတ်နိုင်ခဲ့တဲ့
ခိုင်မာနေသော
အတားအဆီးတစ်ခု
အသိုင်းအဝိုင်း
အုတ်ရိုးတံတိုင်း
အပြန်အလှန်
လှိုက်မောစွာ
မျက်ဝန်းချင်းသွယ်တန်းမှုနဲ့ပဲ
ငါ့စကားကို
နင်ဘာသာပြန်သလို
နင့်စကားကို
ငါနားစွင့်ခဲ့
ငါနှုတ်ဆက်တာကို
နင်သိသလို
နင့်လက်ကလေး
ဝှေ့ယမ်းခဲ့ပုံကို ငါသိမ်းဆည်းထား
တရားဝင်မပွင့်လင်းခဲ့ရသော
မျက်ဝန်းအစုံထဲမှာ
“သိပ်ချစ်တယ်”
နင်ကြားလိုက်တဲ့
လှိုက်လှိုက်မောမော ငါ့ချစ်ခြင်းစကား
ငါပြန်ကြားလိုက်ရတဲ့
စုံမက်ခြင်းအပြည့် နင့်နှလုံးခုန်သံ
နီးနီးလေးနဲ့
အဝေးဆုံး
ငါ
ဆွံ့အနေရုံအပြင် မတတ်နိုင်ခဲ့တဲ့
နင်
ဆို့နင့်နေရုံအပြင် မတတ်နိုင်ခဲ့တဲ့
အဲဒီ
ကြေကြကွဲကွဲမျက်ဝန်းအစုံထဲမှာ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:
Post a Comment