Wednesday, February 13, 2008

ညနေ


ဓားသွားလိုစူးမြတဲ့စကားဟာ
ရင်ကို ထုတ်ချင်းခတ် ဖြတ်သွား
နေညိုရီအောက်က ဆွတ်ပျံ့တဲ့အတွေးမှာ
သွေးတွေ၊ တစ်စက်ပြီးတစ်စက်ကျခဲ့
အခင်းဖြစ်ခြင်းဟာ ကဗျာမဆန်ဘူး။
အံ့ဩခြင်းနဲ့ ရပ်တန့်သွားတဲ့
အသက်ရှူစနစ်မှာ
ခံပြင်းမှုတွေ ညှိုးငယ်စိတ်တွေ
ပါကောင်းပါမယ်။
ဝတ္ထုမဟုတ်တဲ့ အခန်းစဉ် ၁၃ မှာ
မနက်ဖြန်ကို ကြိုတွေးလို့မရဘူး။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment